Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား ဗြိတိန်နိုင်ငံဘုရင်မ အဲလိဇဘတ် ၂ မှ ကြိုဆိုပွဲ အခမ်းအနားကို ဆင်ဟွာ မြန်မာ ဝက်ဘ်ဆိုဒ်တွင် အချိန်နှင့် တပြေးညီ တိုက်ရိုက် ထုတ်လွှင့် ပြသမည်

ရန်ကုန် ၊ အောက်တိုဘာလ၂ဝ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ သို့ တရားဝင် ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ဗြိတိန်နိုင်ငံ ဘုရင်မ အဲလိဇဘတ် ၂ မှ တရားဝင် ကြိုဆိုသည့် အခမ်းအနား ကို အောက်တိုဘာလ ၂ဝ ရက်နေ့ မြန်မာ စံတော်ချိန် ညနေ ၅ နာရီခွဲ၌ ကျင်းပမည် ဖြစ်သည်။

အဆိုပါ ကြိုဆိုပွဲ အခမ်းအနား အား ဆင်ဟွာ မြန်မာ ဝက်ဘ်ဆိုဒ်တွင် အချိန်နှင့် တပြေးညီ တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်ပြီး ဆင်ဟွာ မြန်မာ ဝက်ဘ်ဆိုဒ် Link “ https://xinhuamyanmar.com/videos/1615-queen-elizabeth-ii-hosts-welcome-ceremony-for-president-xi-jinping ” တွင် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

ယခု အကြိမ် သမ္မတ ရှီကျင့်ဖိန် ၏ ဗြိတိန် နိုင်ငံ လည်ပတ်ရေး ခရီးစဉ်တွင် ကုန်သွယ်မှု ကဏ္ဍ၌ အောင်မြင်မှု များစွာ ရရှိနိုင်မည် ဖြစ်ကြောင်း ၊ ထို့ပြင် အစိုးရ ချင်း သဘောတူညီမှု များ ၊ ငွေကြေးဆိုင်ရာ နှင့် စီးပွားရေး လုပ်ငန်း ဆိုင်ရာ စသည့် ကဏ္ဍ အသီးသီး တွင် ပူးပေါင်းဆောင်ရွက်မှု များလည်း ရရှိ နိုင်မည် ဖြစ်ကြောင်း ၊ တရုတ်-ဗြိတိန် နှစ်နိုင်ငံ မှ အမြန်ရထားလမ်း ၊ နျူစွမ်းအင် လျှပ်စစ်ဓာတ်အား ပေးစက်ရုံ ၊ ငွေကြေးဆိုင်ရာ စီမံကိန်း စသည် တို့တွင် နှစ်နိုင်ငံ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု များအား တွန်းအားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဗြိတိန် နိုင်ငံ လည်ပတ်ရေး ခရီးစဉ် တွင် ယဉ်ကျေးမှု ဆိုင်ရာ ပွဲများကိုလည်း တက်ရောက် သွားမည် ဖြစ်ကြောင်း သိရှိခဲ့ရပြီး ရည်ရွယ်ချက် မှာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်မှု နှင့် ပြည်သူလူထု အကြား ချစ်ကြည်ရေး အတွက် ကောင်းမွန်သည့် အခြေခံ များ တည်ဆောက်ရန် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.