Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လန်ဒန်သို့ရောက်ရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇနီး ဖျိန်လိယွမ် နှင့်အတူ လန်ဒန်သို့ရောက်ရှိ (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇနီး ဖျိန်လိယွမ် နှင့် အတူ ဘုရင်မ အဲလိဇဘတ် ၂ ၏ ဖိတ်ကြား ချက်ဖြင့် ဗြိတိန်နိုင်ငံ သို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် သွားရောက်ခဲ့ရာ အောက်တိုဘာလ ၁၉ ရက် ညနေတွင် လန်ဒန်မြို့သို့ ရောက်ရှိခဲ့ပါသည်။

သမ္မတရှီ လိုက်ပါလာသော လေယာဉ်သည် ဒေသစံတော်ချိန် ညနေ ၈း၀၀ နာရီ၌ ဟိတ်သရိုး (Heathrow) လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ သမ္မတရှီတို့ ဇနီးမောင်နှံအား ဘုရင်မကြီး ကိုယ်စား အထက်လွှတ်တော် အမတ်များက ကြိုဆိုခဲ့ကြသည်။ ကြိုဆိုပွဲအခမ်းအနားတွင် ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီး ဖိလစ်ဟန်မန်း လည်းပါဝင်ခဲ့သည်။

“တရုတ်နိုင်ငံ အနေဖြင့် ဗြိတိန်နိုင်ငံ နှင့် ဆက်ဆံရေး တိုးတက်ဖို့ အလွန်ပဲ အလေးထားပါတယ်” တရုတ်နိုင်ငံ သမ္မတက ဗြိတိန်နိုင်ငံ သို့ ရောက်ရှိပြီးချင်း ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက် ၌ ပြောကြားခဲ့သည်။

“နှစ်နိုင်ငံလုံး အတွက် အခြေခံကျသော အကျိုးစီးပွားတွေနဲ့အတူ တရုတ်-ဗြိတိန် ဆက်ဆံရေး၊ ပြည်သူလူထု အချင်းချင်း ဆက်ဆံရေးဟာ နက်ရှိုင်းစွာ ရှိနေပါတယ်” ဟု သမ္မတက ဖော်ပြခဲ့သည်။

ယခုနှစ်သည် နှစ်နိုင်ငံလုံး အတွက် ပြီးပြည့်စုံပြီး မဟာဗျူဟာ မြောက်သော ပူးပေါင်း ဆောင်ရွက်မှု ၏ ဒုတိယ မြောက် ဆယ်စုနှစ် အား စတင်ရန် အထိမ်းအမှတ် ဖြစ်ကြောင်း ရှီက မှတ်ချက် ပြုထားသလို ဗြိတိန်နိုင်ငံ ခေါင်းဆောင် များ နှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များအား နက်ရှှိုင်းစွာ အမြင်ချင်း ဖလှယ်နိုင်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားလိုက်သည်။

သမ္မတရှီ သည် ခရီးစဉ်အတွင်း မှာ နယ်ပယ် ပေါင်းစုံမှ ပြည်သူ လူထုများ နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး အနာဂတ် နှင့် အနာဂတ် တွင် ပူးပေါင်း ဆောင်ရွက်မှု အတွက် အထူးကောင်းမွန်သော စီမံချက် Grand Blueprint အား ရေးဆွဲနိုင်ရေး အတွက် လည်း ရှေးရှု ဆောင်ရွက် သွားမည် ဖြစ်သည်။

ရှီ က ၎င်း၏ ခရီးစဉ် မတိုင်မီ ကပင် ဗြိတိန်နိုင်ငံ နှင့် “ရွှေရောင်လွှမ်းသော” ဆက်ဆံရေးအား တည်ထောင်ရန် မျှော်လင့် ထားကြောင်း ပြောကြားထားခဲ့သည်။

ရှီ ၏ ဗြိတိန်နိုင်ငံ ခရီးစဉ်သည် အောက်တိုဘာလ ၂၃ ရက် တွင် အဆုံးသတ်မည်ဖြစ်ပြီး ၂၀၀၅ ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံ သမ္မတအဖြစ် ပထမဆုံး အကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။ ရှီသည် မန်ချက်စတာ သို့လည်း သွားရောက် လည်ပတ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)