Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ၏ ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရသည့်အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲတွင် Bharatiya Janata ပါတီအနိုင်ရရှိသည့်အတွက် အောင်ပွဲကျင်းပနေသော ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (လယ်) အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) ထံသို့ ၎င်း၏ Bharatiya Janata ပါတီက အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်အတွက် မေလ ၂၃ ရက်တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လိုက်ကြောင်း သိရသည်။

သဝဏ်လွှာတွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အရေးပါသော အိမ်နီးချင်းများဖြစ်သလို ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနှင့် ပေါ်ထွန်းစစီးပွားရေးနိုင်ငံ နှစ်ခုဖြစ်ကြောင်း သမ္မတ ရှီက ထောက်ပြခဲ့သည်။

မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံ ပူးတွဲအားထုတ်ကြိုးပမ်းမှုများကြောင့် တရုတ်-အိန္ဒိယဆက်ဆွရေးမှာ ခိုင်မာသော အရှိန်အဟုန်ရရှိနေကြောင်း၊ ကမ္ဘာကြီး နိုင်ငံစုံလွန်ဆွဲမှုနှင့် ကမ္ဘာလုံးလွှမ်းခြုံစီးပွားရေး မြှင့်တင်ခြင်းကဲ့သို့ အဓိကကိစ္စရပ်များအပေါ် ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး ထိန်းသိမ်းလျက်ရှိကြောင်း ရှီက ပြောထားသည်။

သမ္မတ ရှီက ၎င်းအနေဖြင့် တရုတ်-အိန္ဒိယ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုရှိရန် ကြီးမားသော အရေးပါမှုမှုအဖြစ် မှတ်ယူကြောင်း၊ မိုဒီနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးအား မှန်ကန်သောလမ်းကြောင်းတွင် အဆင့်မြှင့်တင်ရန်၊ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံအကြား နီးကပ်သော ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေး ဆက်လက်အားပေးရန် ဆန္ဒရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)