Connect with us

Politics, Law & Military

စစ်ပြန်သူရဲကောင်းတစ်ဦး၏ တိုင်းပြည်ချစ်စိတ်အပေါ်အတုယူစိတ်မွေးကြရန် သမ္မတရှီကျင့်ဖိန်တိုက်တွန်းပြောကြား

အသက် ၉၅ နှစ်အရွယ်ရှိ စစ်ပြန်သူရဲကောင်းတစ်ဦးဖြစ်သူ Zhang Fuqing အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က အသက် ၉၅ နှစ်အရွယ်ရှိ စစ်ပြန်သူရဲကောင်းတစ်ဦးဖြစ်သူ ကျန်းဖူချင်း (Zhang Fuqing) ၏ တိုင်းပြည်ချစ်စိတ်အပေါ် အတုယူစိတ်မွေးကြရန် ၊ ခေတ်သစ်တွင် အစွမ်းထက်ဆုံးအင်အားများကို ဖန်တီး၍ ပြည်သူများအတူတကွရှေ့ဆက်၍ ချီတက်ကြရန် တောင်းဆိုခဲ့သည်။

တရုတ်ဗဟိုကော်မတီ ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌဖြစ်သူ သမ္မတရှီက အဆိုပါ စစ်ပြန်သူရဲကောင်း Zhang Fuqing ၏ ဘဝဇာတ်ကြောင်း ကို အခြေခံပြီး မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)