Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မကာအို၏ အောင်မြင်မှုများနှင့် တိုးတက်မှုများအတွက် ဂုဏ်ယူကြောင်း ပြောကြား

မကာအို လေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗဟိုအစိုးရနှင့် တရုတ်နိုင်ငံသားများအနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း မကာအို၏ အောင်မြင်မှုများနှင့် တိုးတက်မှုများအပေါ် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီက ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် မကာအိုသို့ ရောက်ရှိပြီးနောက် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။“ဒါက ‘တစ်နိုင်ငံ၊ စနစ်နှစ်ခု’ ကို ယုံကြည်စွာအကောင်အထည်ဖော်ရာတွင် မကာအို၏ အတွေ့အကြုံနှင့် သွင်ပြင်လက္ခဏာများ ပေါင်းစုခြင်းရဲ့ အကျိုးရလဒ်ဖြစ်တယ်” ဟု ရှီက မကာအို လေဆိပ်၌ မီဒီယာများကို ပြောခဲ့သည်။“မကာအိုရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်း ရေးဆွဲဖို့ ကျွန်တော်တို့ အတူလက်တွဲသွားမယ်” ဟု ရှီက ဆိုသည်။

မကာအို လေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

မကာအို လေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ ရှီသည် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားနှင့် ပဉ္စမမြောက် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) အစိုးရဖွဲ့စည်းခြင်း အခမ်းအနားများသို့ တက်ရောက်မည်ဖြစ်သည်။ ထို့ပြင် ရှီသည် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသအတွင်း လှည့်လည်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.