Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန် အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားတက်ရောက်ရန် မကာအိုသို့ရောက်ရှိလာ

မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၌ တရုတ်နိုင်ငံအလံများကို ဝှေ့ယမ်း၍ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် အားကြိုဆိုနေကြစဉ် (ဆင်ဟွာ)

မကာအို ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ယနေ့(ဒီဇင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းတွင်  အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားတက်ရောက်ရန် မကာအိုသို့ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ လည်း ဖြစ်သူ သမ္မတရှီသည် အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား နှင့် ပဉ္စမမြောက် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အစိုးရဖွဲ့စည်းခြင်းအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ မကာအိုဒေသခံများက တရုတ်နိုင်ငံအလံများကို ဝှေ့ယမ်း၍ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် အား ကြိုဆိုနေကြကြောင်းသိရသည်။

မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၌ တရုတ်နိုင်ငံအလံများကို ဝှေ့ယမ်း၍ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် အားကြိုဆိုနေကြစဉ် (ဆင်ဟွာ)

သမ္မတရှီကျင့်ဖိန်သည် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသအတွင်း လှည့်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။(Xinhua)