Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီကျင့်ဖိန် ဟောင်ကောင်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အား စစ်ဆေးကြည့်ရှု

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တပ်စခန်း အား စစ်ဆေးကြည့်ရှုနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမိမြေ၏ အုပ်ချုပ်မှုအောက်သို့ ဟောင်ကောင်ပြန်လည်ရောက်ရှိလာမှု နှစ် ၂၀ပြည့် အထိမ်းအမှတ် အကြို ဇွန်လ ၃၀ ရက်တွင် ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Shek Kong စစ်တန်းလျားများရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တပ်စခန်း အား စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သော ရှီသည် ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (HKASR) ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တပ်စခန်းမှူး ဒုတိယဗိုလ်ချုပ်ကြီး Tan Benhong ၏ တပ်မှ တပ်ဖွဲ့ဝင်များအား စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တပ်စခန်း မှ တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တပ်စခန်း မှ တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရှီ၏ စစ်ဆေးကြည့်ရှုမှု တွင် အရာရှိ နှင့် တပ်ဖွဲ့ဝင် ပေါင်း ၃,၁၀၀ ကျော် ပါဝင်ခဲ့ပြီး လေကြောင်းကာကွယ်ရေး ဒုံးကျည်များ နှင့် ရဟတ်ယာဉ်များအပါအဝင် စစ်လက်နက်ကိရိယာ ၁၀၀ကျော်ကိုလည်း ပြသခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ဟောင်ကောင်ရှိ လူတန်းစာအလွှာအသီးသီးမှ ပရိသတ်ပေါင်း ၄,၀၀၀ ခန့် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖိန်သည် အမိမြေ၏ အုပ်ချုပ်မှုအောက်သို့ ဟောင်ကောင်ပြန်လည်ရောက်ရှိလာမှု နှစ် ၂၀ပြည့် အထိမ်းအမှတ် အခမ်းအနားပွဲများ နှင့် ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရအဖွဲ့၏ ပဉ္စမမြောက် သက်တမ်း ရာထူး အပ်နှင်းပွဲ သို့ တက်ရောက်ရန် ဟောင်ကောင်သို့ ဇွန်လ ၂၉ ရက်တွင် ရောက်ရှိလာခဲ့ပြီး ၎င်း၏ ၃ရက်တာ ခရီးစဉ်အတွင်း ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (HKASR) ကိုလည်း လေ့လာကြည့်ရှုသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.