Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးမှူး ၊ အလုပ်အမှုဆောင် ၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးမှူး လျန်ကျိန့်ရင်း နှင့် တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇွန်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ဟောင်ကောင် ၌ ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးမှူး လျန်ကျိန့်ရင်း(Liang Zhenying) နှင့် တွေ့ဆုံ ခဲ့ပြီး ညနေပိုင်း အချိန်တွင် ဟောင်ကောင်အထူးဒေသ အုပ်ချုပ်ရေး ၊ အလုပ်အမှုဆောင် ၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံ ခဲ့သည်။

ရှီကျင့်ဖိန် က ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးမှူး လျန်ကျိန့်ရင်း ၏ ၅ နှစ်တာ ကာလ အတွင်း လုပ်ငန်းဆောင်ရွက်မှု များအတွက် ချီးကျူး ထောက်ခံ ခဲ့ပြီး ဗဟို၏ ထောက်ခံအားပေးမှုအောက်တွင် ၎င်းအနေဖြင့် အထူးဒေသ အစိုးရအဖွဲ့ ကို ဦးဆောင်၍ “တစ်နိုင်ငံ စနစ် နှစ်ခု” မူဝါဒ နှင့် ဟောင်ကောင် အထူးဒေသ အခြေခံဥပဒေ တို့ကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ၊ ပစ္စုပ္ပန် ကို အခြေခံကောင်းမွန်အောင် ဆောင်ရွက်ပြီး အနာဂတ် အတွက် စီစဉ်ဆောင်ရွက်ကာ ဟောင်ကောင်အထူးဒေသ ၏ နှစ်ရှည်စုစည်းလာသည့် နက်ရှိုင်းသည့် အဆင့်ဆင့် သော ကိစ္စရပ် များကို ဖြေရှင်းနိုင်ပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခက်ခဲစွာ ကြိုးပမ်းဆောင်ရွက် ခဲ့ကြောင်း ၊ ၎င်း နှင့် အထူးဒေသ အစိုးရ အဖွဲ့ တို့မှ နိုင်ငံတော် အချုပ်အခြာအာဏာ ၊ လုံခြုံရေး ၊ ဖွံ့ဖြိုးတိုးတက်မှု အကျိုးဖြစ်ထွန်းစေရေး ၊ လူမှုဘဝ တည်ငြိမ်မှု ရရှိအောင် ထိန်းသိမ်းရေး ၊ “တစ်နိုင်ငံ စနစ် နှစ်ခု” လုပ်ငန်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့အတွက် တက်ကြွစွာ ပေးဆပ်ဆောင်ရွက်ခဲ့ကြောင်း ၊ ဗဟိုအနေဖြင့် ၎င်းအား အပြည့်အဝ ယုံကြည်ပြီး ၎င်း၏ လုပ်ငန်းဆောင်ရွက်မှု အတွက် အပြည့်အဝ ထောက်ခံကြောင်း ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန် က လျန်ကျိန့်ရင်း အနေဖြင့် ရာထူးတာဝန် အသစ်နေရာ တွင် ဆက်လက်၍ ဟောင်ကောင် နှင့် နိုင်ငံတော် အတွက် ဆောင်ရွက်ပေးသွားလိုပြီး “တစ်နိုင်ငံ စနစ် နှစ်ခု” လုပ်ငန်း နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဉာဏ်ပညာ နှင့် အင်အား တို့ကို ပေးစပ်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

လျန်ကျိန့်ရင်း က ဟောင်ကောင်အစိုးရ နှင့် ဟောင်ကောင် ပြည်သူလူထု တို့ ကိုယ်စား သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး တို့မှ ဟောင်ကောင် ၏ မိခင် နိုင်ငံ အုပ်ချုပ်မှု အောက်သို့ ပြန်လည် ရောက်ရှိခြင်း နှစ် (၂၀) ပြည့် အခမ်းအနား နှင့် ဟောင်ကောင်အထူးဒေသ (၅) ကြိမ်မြောက် အစိုးရ တာဝန်ခန့်အပ်ခြင်း အခမ်းအနား တက်ရောက် ခဲ့သည့် အတွက် လှိုက်လှဲစွာ ကြိုဆိုကြောင်း ၊ လက်ရှိအချိန်တွင် ဟောင်ကောင် စီးပွားရေး မှာ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုဘဝ တည်ငြိမ်အေးချမ်းမှု ရှိကြောင်း ၊ ဤကောင်းမွန်သော ရလဒ်များသည် သမ္မတ ရှီကျင့်ဖိန် နှင့် ဗဟို အစိုးရ တို့၏ အလေးထားမှု နှင့် ထောက်ခံမှု တို့ကြောင့် ဖြစ်ကြောင်း ၊ နောက်တစ်ဆင့် အနေဖြင့် ဟောင်ကောင် အထူးဒေသ မှ နိုင်ငံတော်၏ ၁၃ ကြိမ်မြောက် (၅) နှစ် စီမံကိန်း ၊ “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု နှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသ မြို့ပြ အသိုက်အဝန်း တည်ဆောက်ရေး တို့ကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ဟောင်ကောင် အထူးဒေသ ၏ အားသာမှု ကို ထုတ်ဖော်ပြီး ပြည်မကြီး နှင့် အပြန်အလှန် ဖြည့်စွတ်ပေးကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကို ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ၊ မိမိအနေဖြင့် တတ်ကျွမ်းမှု နှင့် အတွေ့အကြုံ တို့ဖြင့် ဟောင်ကောင် နှင့် နိုင်ငံတော် အတွက် ပေးဆပ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဟောင်ကောင်အထူးဒေသ ၏ အုပ်ချုပ်ရေး ၊ အလုပ်အမှုဆောင် ၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

ထို့နောက် ညနေပိုင်း အချိန်တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် လျန်ကျိန့်ရင်း နှင့် အတူတကွ ဟောင်ကောင်အထူးဒေသ ၏ အုပ်ချုပ်ရေး ၊ အလုပ်အမှုဆောင် ၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံ ခဲ့သည်။

တွေ့ဆုံရာတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က “တစ်နိုင်ငံ စနစ် နှစ်ခု” မူဝါဒ ကို ဟောင်ကောင် တွင် ကောင်းမွန်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ၊ “တစ်နိုင်ငံ စနစ် နှစ်ခု” မူဝါဒ ၏ မဟာအတွေးအမြင်အရ ဟောင်ကောင် အထူးဒေသ သည် ငြိမ်းချမ်းစွာ မိခင် နိုင်ငံ အုပ်ချုပ်မှု အောက်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း ၊ ကမ္ဘာ့သမိုင်းအစဉ်အလာများအရ ဆုံးရှုံးခဲ့သည့် နယ်မြေကို ပြန်လည် သိမ်းယူရာတွင် ကြီးမားသည့် ဆောင်ရွက်မှုများပြုလုပ်ရသည့် အစဉ်အလာ ကို သမိုင်းတစ်လျှောက်အလွန် ရှားပါးစွာ ရှောင်လွဲနိုင်ခဲ့ကြောင်း ၊ မိခင် နိုင်ငံ အုပ်ချုပ်မှု အောက်သို့ ပြန်လည် ရောက်ရှိပြီးနောက်တွင် တရုတ် နိုင်ငံ ဥပဒေ နှင့် ဟောင်ကောင် အထူးဒေသ အခြေခံဥပဒေ အရ သတ်မှတ်ထားသည့် အထူးဒေသ စည်းစနစ်သတ်မှတ်ချက်ကို ဟောင်ကောင် တွင် အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ၊ ဟောင်ကောင်အနေဖြင့် အာရှငွေကြေးအခက်အခဲ ၊ ပုံမှန်မဟုတ်သည့် ကပ်ရောဂါပျံ့နှံ့မှု နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး အခက်အခဲ ၏ ထိခိုက်မှု တိုနှင့် ကြုံတွေ့ ခဲ့ရသော်လည်း စည်ပင်ဖွံ့ဖြိုးသည့် အခြေအနေ ကို ထိန်းသိမ်း နိုင်ခဲ့ကြောင်း ၊ ထို့ကြောင့် “တစ်နိုင်ငံ စနစ် နှစ်ခု” သည် လုံးဝမှန်ကန်ကြောင်း နှင့် အားအင်ပြည့်ဝတောင့်တင်း သည် ကို သက်သေ ပြနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန် က ဗဟိုအနေဖြင့် ယခုအကြိမ် အထူးဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အပေါ် အပြည့်အဝ ထောက်ခံပြီး ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးမှူး လျန်ကျိန့်ရင်း ဦးဆောင်မှု အောက်တွင် အားလုံးမှာ ဟောင်ကောင်အပေါ် တာဝန်ယူခြင်း ၊ နိုင်ငံတော် အပေါ် တာဝန်ယူခြင်း နှင့် သမိုင်းစာမျက်နှာ အပေါ် တာဝန်ယူခြင်း ဖြင့် “တစ်နိုင်ငံ စနစ် နှစ်ခု” မူဝါဒ နှင့် ဟောင်ကောင် အထူးဒေသ အခြေခံ ဥပဒေ ကို သေချာစွာ အကောင်အထည် ဖော်နိုင်ခဲ့ကာ သက်ဆိုင်ရာ တာဝန် များကို ကြိုးပန်းဆောင်ရွက် ခဲ့ကြောင်း ၊ အားလုံး၏ နိုင်ငံရေး ခံယူချက် နှင့် တာဝန်ယူသည့် စိတ်ဓာတ်တို့သည် လွန်စွာ တန်ဖိုးရှိကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် ရှီကျင့်ဖိန် က အားလုံးအနေဖြင့် ဟောင်ကောင် နှင့် နိုင်ငံတော် အပေါ် ဆောင်ရွက်ပေးသည့် စိတ်ဓာတ်ကို ထိန်းသိမ်းထားရမည် ဖြစ်ပြီး ဟောင်ကောင် နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက် ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း ၊ အထူးဒေသ အုပ်ချုပ်ရေးမှူးအသစ် နှင့် အစိုးရ အဖွဲ့ ကို ဆက်လက်ထောက်ခံသွားပြီး ဥပဒေအရ လုပ်ကိုင်ဆောင်ရွက်ပေးသွားလိုကြောင်း ၊ ဟောင်ကောင် နှင့် ပြည်မကြီးအကြား ပူးပေါင်းဖလှယ်မှု ကို တွန်းအားပေး ဆောင်ရွက်ပြီး လူငယ်များကို ဦးဆောင်ကာ နိုင်ငံတော်ချစ်စိတ် ၊ ဟောင်ကောင်ချစ်စိတ် ကို ထိန်းသိမ်းကာ ဟောင်ကောင် အားပိုမို ကောင်းမွန်အောင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း ၊ တရုတ်လူမျိုး တစ်မျိုးသားလုံး တိုးတက်ဖွံ့ဖြိုးစေမည် “Chinese Dream” အတွက် ပေးဆပ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လျန်ကျိန့်ရင်း က အထူးဒေသ အုပ်ချုပ်ရေး ၊ အလုပ်အမှုဆောင် ၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး ဆိုင်ရာ တာဝန်ရှိသူများ ကိုယ်စား သမ္မတ ရှီကျင့်ဖိန် မှ အထူးဒေသ အုပ်ချုပ်ရေး အဖွဲ့ ၏ လုပ်ငန်းဆောင်ရွက်မှု အပေါ် ပြောကြားခဲ့သည့် ထောက်ခံမှု နှင့် မျှော်မှန်းမှု တို့အတွက် ကျေးဇူး တင်ရှိကြောင်း ၊ အခမ်းအနား တက်ရောက်သူ အားလုံးတို့မှ အနာဂတ် တွင် မည်သည့် ဒေသ သို့ရောက်ရှိသည် ဖြစ်စေ ဟောင်ကောင် နှင့် တရုတ် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေးဆပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အထက်ပါ တွေ့ဆုံ ဆွေးနွေး များအား တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အတူ သက်ဆိုင်ရာ တာဝန်ရှိသူ တို့မှ အတူတကွ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.