Connect with us

Politics, Law & Military

ဟောင်ကောင်အား ထောက်ပံ့မှုများ အဆက်မပြတ်ပြုလုပ်သွားမည်ဟု သမ္မတ ရှီကျင့်ဖိန် ကတိပြုပြောကြား

ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ် ၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဗဟိုအစိုးရသည် ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ စီးပွားရေး တိုးတက်မှု နှင့် ပြည်သူများ၏ဘဝ သာယာဝပြောရေး အတွက် အမြဲတမ်း ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၉ ရက် က ပြောကြားခဲ့သည်။

ရှီ က ၎င်း၏ သုံးရက်တာခရီးစဉ်အဖြစ် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ရှီသည် အမိမြေ အုပ်ချုပ်မှု လက်အောက်သို့ ဟောင်ကောင် ပြန်လည်ရောက်ရှိလာမှု နှစ် ၂၀ ပြည့် အခမ်းအနား နှင့် HKSAR အစိုးရအဖွဲ့၏ ပဉ္စမမြောက် သက်တမ်း ရာထူး အပ်နှင်းပွဲ သို့ တက်ရောက်မည်ဖြစ်ပြီး လေ့လာ စစ်ဆေးရေးလည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

သမ္မတ က ၎င်း၏ ဟောင်ကောင်ခရီးစဉ်သည် HKSAR အတွက် အကောင်းဆုံးသော ဆန္ဒများ နှင့် ဗဟိုအစိုးရ၏ ထောက်ပံ့မှုကို ဖော်ပြရန် နှင့် ဟောင်ကောင်၏ အနာဂတ် ဒေသတွင်းအစီအစဉ်အား အကူအညီပေးရန်ဖြစ်ကြောင်း လေဆိပ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရှီက HKSAR စတင်တည်ထောင်စဉ်ကတည်းက စ၍ နှစ်ပေါင်း ၂၀ကျော် အတွင်း ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့မှုအပေါ် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး HKSAR အနေဖြင့် ဂုဏ်ယူဖွယ်ကာလသစ်များ ဖန်တီးရန်အတွက်လည်း တိုက်တွန်းအားပေးခဲ့သည်။

၎င်းက ဗဟိုအစိုးရသည် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ဟောင်ကောင် အား ကောင်းစွာ ထောက်ပံ့မှုများပေးခဲ့ပြီး HKSAR ၏ စီးပွားရေး တိုးတက်မှု နှင့် ပြည်သူများ ဘဝ သာယာဝပြောရေး အတွက်ကိုလည်း အမြဲတစေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီ က ၎င်းသည် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၏ ထူးခြားသော နှစ် ၂၀ကြာ ခရီးလမ်းကို ပြန်လည်သုံးသပ်ရန် ဟောင်ကောင်ရှိ အလွှာအသီးသီးမှ ပြည်သူများ နှင့် ထိတွေ့ဆက်ဆံသွားမည် ဖြစ်ကြောင်း၊ ယင်းအတွေ့အကြုံ ကို ခြုံငုံသုံးသပ်၍ အနာဂတ်အစီအစဉ် ရေးဆွဲကာ “တစ်နိုင်ငံ၊ စနစ်နှစ်ခု” မူဝါဒ ချောမွေ့စွာ ရေရှည်အောင်မြင်မှုရရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.