Connect with us

Politics, Law & Military

တရုတ် ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များ ပေကျင်းသို့ ရောက်ရှိ

၁၉ ကြိမ်မြောက် CPC အမျိုးသား ညီလာခံ တက်ရောက်ရန် ရောက်ရှိလာကြသည့် အတွင်း မွန်ဂိုလီယား (Inner Mongolia) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ကိုယ်စားလှယ်များအား အောက်တိုဘာလ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (Communist Party of China) အမျိုးသား ညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ်များသည် မြို့တော် ပေကျင်းသို့ အောက်တိုဘာလ ၁၅ ရက် နံနက်ပိုင်းက စတင် ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ပထမဆုံး ရောက်ရှိလာသည့် အဖွဲ့မှာ အတွင်း မွန်ဂိုလီယား (Inner Mongolia) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကိုယ်စားလှယ်များ ဖြစ်သည်။အတွင်း မွန်ဂိုလီယားမှ ကိုယ်စားလှယ်များအနက်မှ ကျောင်းဆရာမ တစ်ဦးလည်း ဖြစ်သူ Li Feng’e က ညီလာခံ တက်ရောက်ရန် စိတ်လှုပ်ရှားနေကြောင်း ပြောကြားခဲ့သည်။“လက်ရှိ နှစ်များအတွင်း ကျေးလက်ဒေသတွေမှာ ပညာရေး အဆောက်အအုံတွေ တိုးတက်လာခဲ့တယ်။ လူမျိုးစုဒေသတွေမှာ ပညာရေးအတွက် မူဝါဒတွေ ပိုမို ထောက်ပံ့ပေးဖို့လဲ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
ငါးနှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိသော အဆိုပါ ညီလာခံအား ပေကျင်းမြို့၌ အောက်တိုဘာလ ၁၈ ရက်တွင် စတင် ကျင်းပမည် ဖြစ်သည်။ ယခုနှစ် ညီလာခံသို့ တက်ရောက်ရန် ကိုယ်စားလှယ် ၂၂၈၇ ဦး ရွေးချယ်ထားကြောင်း သိရသည်။ရွေးချယ်ခံရသော ကိုယ်စားလှယ်များတွင် အစိုးရ အဆင့်မြင့် အရာရှိများ၊ ပါတီ ခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် အလုပ်သမားများ၊ လယ်သမားများ၊ နည်းပညာရှင်များ၊ သူနာပြုများနှင့် ဆရာ၊ ဆရာမများ စသဖြင့် ရှေ့တန်းရောက် ထုတ်လုပ်ရေးနှင့် ကုန်ထုတ်လုပ်မှု နယ်ပယ်များမှ အခြေခံ ပါတီ အဖွဲ့ဝင်များ ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.