Connect with us

Politics, Law & Military

တရုတ် နိုင်ငံ တွင် ကျင်းပ ခဲ့သည့် တရုတ် နိုင်ငံ ဖက်ဆစ် ဂျပန် တော်လှန်ရေး နှင့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား မှ စိတ်ဝင်စား ဖွယ်ရာများ

တရုတ် နိုင်ငံ တွင် ကျင်းပ ခဲ့သည့် တရုတ် နိုင်ငံ ဖက်ဆစ် ဂျပန် တော်လှန်ရေး နှင့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား မှ လေယာဉ်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမင် ရင်ပြင် တွင် ပြုလုပ် ခဲ့သည့် တရုတ် နိုင်ငံ ဖက်ဆစ် ဂျပန် တော်လှန်ရေး နှင့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား အား စက်တင်ဘာ လ ၃ ရက်နေ့ တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။

ယနေ့ ကျင်းပ ခဲ့သည့် စစ်ရေးပြ အခမ်းအနားတွင် စစ်သည် ၁၂,၀၀၀ ပါဝင်ခဲ့ပြီး စစ်လက်နက် အမျိုးအစား ၄၀ ကျော်ဖြင့် စစ်လက်နက်ပေါင်း ၅၀၀ ကျော် ပါဝင်ခဲ့သည်။ လေယာဉ် အမျိုးအစား ၂၀ ကျော်ဖြင့် လေယာဉ် ပေါင်း အစင်း ၂၀၀ ကျော် ပါဝင်ခဲ့သည်။ တော်လှန်ရေး စစ်ပွဲအောင်မြင်ခြင်း စစ်ရေးပြ အခမ်းအနားတွင် စစ်ရေးပြ တပ်ဖွဲ့ ၅၀ ပါဝင်ခဲ့ပြီး ခြေလျင် တပ်ဖွဲ့ ၁၁ ဖွဲ့၊ ဂျပန်တော်လှန်ရေး စစ်မှုထမ်းဟောင်း များမှ ကားဖြင့် စီးနင်း၍ တပ်ဖွဲ့ ၂ ဖွဲ့ ၊ စစ်လက်နက် တပ်ဖွဲ့ ၂၇ ဖွဲ့ နှင့် လေကြောင်း တပ်ဖွဲ့ ၁၀ ဖွဲ့ ပါဝင် ခဲ့သည်။

လေကြောင်း စစ်ရေးပြ တပ်ဖွဲ့ တွင် တရုတ် နိုင်ငံ ပြည်တွင်း မှ တည်ဆောက်ထုတ်လုပ်ခဲ့သည့် Shenyang J-15 လေယာဉ်တင် သင်္ဘောသုံး လေယာဉ် များ ကို လည်း စစ်ရေးပြ အခမ်းအနား တွင် ပြသ ခဲ့သည်။ စစ်လက်နက် ပစ္စည်း များ ၏ ၈၄ ရာခိုင်နှုန်း ခန့်သည် ယခု အကြိမ်မှ ထုတ်ဖော် ပြသခဲ့သည့် စစ်လက်နက် ပစ္စည်း များဖြစ်ပြီး စစ်လက်နက် ပစ္စည်း အသစ်များသည် ပြုပြင် မွမ်းမံ ခြင်းနှင့် အဆင့်မြှင့်တင် ခြင်း များ ဆောင်ရွက်ကာ လက်တွေ့အသုံးပြုနိုင်သည့် စစ်လက်နက် ပစ္စည်း များ ဖြစ်သည်။

စစ်လက်နက် များတွင် လုံးဝ အသစ် ထုတ်ဖော်ပြသ ခဲ့သည့် စစ်လက်နက် များမှာ သင်္ဘောဖျက် ဒုံးကျည် ၊ လေကြောင်း ကာကွယ်ရေး ဒုံးကျည် ၊ လေယာဉ်တင်သင်္ဘောသုံး လေယာဉ် ၊ လေကြောင်း တိုက်လေယာဉ် အမျိုးအစား အသစ် ၊ တာဝေး ဗုံးကျဲ လေယာဉ် ၊ ရှေ့ပြေး အချက်ပြ ညွှန်ကြားရေး ယန္တရား ၊ ကြည်းတပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် အသစ် နှင့် အဆင့်မြင့်တင်ထားသည့် ပင်မ စစ်မျက်နှာပြင်သုံး တင့်ကား စသည်တို့အပြင် တာဝေး နှင့် အလယ်အလတ် အကွာအဝေး ပစ် ဒုံးကျည် နှင့် အခြား စစ်လက်နက် များလည်း ပါဝင် ခဲ့သည်။

ထို့ပြင် ယနေ့ပြုလုပ် ခဲ့သည့် စစ်ရေးပြ အခမ်းအနား တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် မှ မိန့်ခွန်း ပြောကြား ရာတွင် တရုတ် လွတ်မြေ၀၉ာက်ရေး မှ စစ်သည်အင်အား ၃ သိန်းအား လျှော့ချမည် ဖြစ်ကြောင်းကြေညာ ခဲ့ပြီး သမိုင်း သင်ခန်းစာအား အမှတ်ရပြီး အာဇာနည်များအား အမှတ်တရ ဂုဏ်ပြု၍ ငြိမ်းချမ်းရေးကို တန်ဖိုးထားပြီး အနာဂတ်အား တည်ဆောက်သွားရန် ပြောကြားခဲ့သည်။

စစ်ရေးပြ အခမ်းအနား တွင် စစ်သည် ဝတ်စုံ ၊ အမှတ်တံဆိပ် နှင့် အဆင် တန်ဆာ စသည့် အမျိုးအစား ပေါင်း ၁၀၀ ကျော် ကို ဒီဇိုင်း အသစ် ဖြင့် ထုတ်ဖော် ပြသ ခဲ့ပြီး အခမ်းအနား ပြီးဆုံးချိန် တွင် ငြိမ်းချမ်းရေး ချိုးငှက် ကောင်ရေ ခုနှစ်သောင်း နှင့် ရောင်စုံ မိုးပျံပူဖောင်း အလုံး ခုနှစ်သောင်း ကိုလည်း ကောင်းကင် သို့ လွှတ်တင် ခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.