Connect with us

Politics, Law & Military

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က သမိုင်း သင်ခန်းစာအား အမှတ်ရစေပြီး ငြိမ်းချမ်းရေးကို တန်ဖိုးထား၍ အနာဂတ်အား တည်ဆောက်သွားရန် ပြောကြား

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် ရှီကျင့်ဖိန်က စက်တင်ဘာလ ၃ ရက်တွင် ပေကျင်းမြို့ထျန်းအန်းမင်ရင် ပြင်၌ ကျင်းပ ပြုလုပ်သည့် တရုတ်နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် သမိုင်း သင်ခန်းစာအား အမှတ်ရပြီး အာဇာနည်များအား အမှတ်တရ ဂုဏ်ပြု၍ ငြိမ်းချမ်းရေးကို တန်ဖိုးထားပြီး အနာဂတ်အား တည်ဆောက်သွားရန် မိန့်ခွန်း ပြောကြားခဲ့သည်။

တရုတ် သမ္မတ ရှီကျင့်ဖိန်က သမိုင်းက ပေးခဲ့သည့် သင်ခန်းစာမှ တဆင့် ငြိမ်းချမ်းရေး ထိန်းသိမ်းသည့် ဆုံးဖြတ်ချက်အား ပိုမိုခိုင်မာစေရန် လိုအပ်ကြောင်း ၊ ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ယခင်ကာလမှ ယခုအချိန်ထိ ငြိမ်းချမ်းစွာ တိုးတက်ရေး လမ်းစဉ်ကို ခိုင်မာစွာ လျှောက်လှမ်းခဲ့ပါသည်။ ငြိမ်းချမ်းရေး အတွက် လူသားမျိုးနွယ်စု အားလုံးသည် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ဟူသည့် အယူအဆအား တည်မြဲစွာ လက်ကိုင်ထားရမည် ဖြစ်ပါသည်။

တရုတ် သမ္မတ ရှီကျင့်ဖိန်က တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် မိမိတို့၏ လုပ်ငန်းတာဝန် ၊ ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး၊ ယနေ့ပြုလုပ်သည့် စစ်ရေးပြ အခမ်းအနားတွင် တရုတ် နိုင်ငံ အနေဖြင့် စစ်သည် အင်အား ၃ သိန်းကို လျှော့ချသွားမည် ဖြစ်ကြောင်း ကြေငြာ ခဲ့သည်။

ထို့ပြင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ တော်လှန်ရေး စစ်ပွဲသည် သမိုင်းတွင် ထင်ရှားခဲ့သော စစ်ပွဲ ဖြစ်ပြီး တရုတ်လူမျိုးများ၏ ကြီးမားထည်ဝါသော ဆောင်ရွက်မှု ဖြစ်ပါကြောင်း ၊ တော်လှန်ရေး စစ်ပွဲ အောင်မြင်ခြင်းသည် တရုတ်နိုင်ငံ၏ သမိုင်းတွင် ကျူးကျော် တိုက်ခိုက်သူများအား အောင်မြင်စွာ အနိုင်ရရှိခဲ့သည့် အောင်မြင်မှု ဖြစ်ကြောင်း ၊ တရုတ်ပြည်သူများသည် ကမ္ဘာ့ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ အောင်နိုင်ရေးအတွက် ကြီးမားသော ဆုံးရှုံးမှုများ ပေးဆပ်ခဲ့ရ ပါကြောင်း ၊ သမိုင်းတွင် စေသည့် အဖြစ်ဆိုးအား မည်သည့် အကြောင်းကြောင့်မဆို ပြန်လည် မဖြစ်ပွားစေခြင်းသည် ကျဆုံးခဲ့သည့် အာဇာနည်များနှင့် အပြစ်မဲ့ အသက်ဆုံးရှုံး ခဲ့ရသူများအတွက် အကောင်းဆုံး ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံတော် အနေဖြင့် ပိုမိုတောက်ပသည့် အနာဂတ်အား တည်ဆောက်သွားရန် ၊ အားလုံး စည်းလုံး ညီညွတ်စွာဖြင့် အခက်အခဲ အတားအဆီးများကို ကျော်ဖြတ်၍ ဆက်လက်ပြီး ဦးတည်ချက်သို ရောက်ရှိအောင့်ရဲရင့် တက်ကြွစွာ သွားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အမှန်တရားသည် အောင်မြင်စေရမည် ၊ ငြိမ်းချမ်းရေးသည် အောင်မြင်စေရမည် ၊ ပြည်သူလူထုသည် အောင်မြင်စေရမည်ဟု ကြွေးကြော်၍ မိန့်ခွန်းအား အဆုံးသတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.