Connect with us

Politics, Law & Military

စစ်သည်အင်အားလျှော့ချခြင်းဟာ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေး လိုလားမှုကို ပြသခြင်း ဖြစ်ကြောင်း အီဂျစ် ကျွမ်းကျင် ပညာရှင်ပြော

တရုတ်နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေး နှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားတွင် ချီတက် စစ်ရေးပြနေကြသော တရုတ် စစ်သည်များ (ဆင်ဟွာ)

ကိုင်ရို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

စစ်သည်အင်အား သုံးသိန်းလျှော့ချကြောင်း ဆုံးဖြတ်ချက်အား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကြာသပတေးနေ့က ကျင်းပသော စစ်ရေးပြ အခမ်းအနားတွင် ကြေညာလိုက်ခြင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် အနာဂတ် မျှဝေရေး ဆိုင်ရာ သတင်းစကားပါး လိုက်ခြင်း ဖြစ်ကြောင်း အီဂျစ်နိုင်ငံသား ကျွမ်းကျင်ပညာရှင် ကပြောပါသည်။

“ဒါဟာ ကောင်းမွန်သော စစ်ရေးပြ အခမ်းအနား ဖြစ်ပြီး စစ်သားတွေဟာ လုံ့လဝီရိ ယတွေ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့ အလေ့အကျင့်ကောင်းတွေ ရှိနေတာ တွေ့ရတယ်” ဟု အီဂျစ်လူမျိုး စစ်ရေးကျွမ်းကျင်သူ နှင့် စစ်ဗိုလ်ချုပ်ဟောင်း Talaat Musallam က တရုတ်နိုင်ငံ၏ ဖက်ဆစ်ဂျပန် တော်လှန်ရေး နှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားအား မှတ်ချက်ပြုပြောသည်။

ထိုအခမ်း အနားတွင် အမျိုးအစား စုံသော လက်နက် များအား ပါဝင်ပြသခဲ့ပြီး အင်အားကြီး နိုင်ငံတစ်ခုရဲ့ အင်အား တောင့်တင်းမှုကို ဖော်ပြခြင်း ဖြစ်ကြောင်း Talaat Musallam က ဆင်ဟွာကို ပြောသည်။

“စစ်အင်အား အရေအတွက် လျှော့ချလိုက်ခြင်းဟာ အင်အားကြီးနိုင်ငံတွေရဲ့ စစ်တပ်နှင့် စွမ်းဆောင်ရည်တွေ ကို ထိခိုက်စေမှာ မဟုတ်ပါဘူး” ဟု Musallam ကပြောပါသည်။

စစ်သားအရေအတွက် လျှော့ချခြင်းသည် တရုတ်နိုင်ငံ၏ သဘောတရား ခံယူချက်တွင် ငြိမ်းချမ်းရေးသည် အဓိကဖြစ်သည် ဆိုသည့် အချက်ကို ဖော်ပြရုံသာမက တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအတွက် သာမကဘဲ ကမ္ဘာတစ်ခုလုံး အတွက် ငြိမ်းချမ်းရေး ရှာဖွေရာမှာ အရေးပါကြောင်း ကိုင်ရို အခြေစိုက် နိုင်ငံရေးနှင့် မဟာဗျူဟာ လေ့လာသော အယ်လ်-အာဟမ် စင်တာမှ နိုင်ငံရေး သုတေသီနှင့် နိုင်ငံတကာ ဆက်ဆံရေး ကျွမ်းကျင်သူ Saeed al-Lawaindi ကပြောပါသည်။

ကြာသပတေးနေ့ အထိမ်းအမှတ်ပွဲသည် တရုတ်နိုင်ငံ၏ ဒုတိယကမ္ဘာစစ်ကို အောင်မြင်နိုင်ခဲ့သော အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူဖွယ် ပြသခြင်းလည်း ဖြစ်ကြောင်း Al-Lawaindi ကဖော်ပြခဲ့သည်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုင်ရာ တရုတ်နိုင်ငံ အထူးသံတမန်ထားရှိခြင်းသည် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရေးရာများမှာ တရုတ်နိုင်ငံကမည်မျှ အလေးထားကြောင်း ပြသခြင်း ဖြစ်ပြီး ကမ္ဘာအဝှမ်း ငြိမ်းချမ်းရေး မြှင့်တင်ရာမှာ အဓိကပါဝင်သူအဖြစ် မည်သို့လုပ်ဆောင်သွားမလဲဆိုတာ ပြသလိုက်ခြင်း ဖြစ်ကြောင်း Al-Lawaindi ကဆင်ဟွာကို ပြောသည်။CRI (China Radio International) တွင် လုပ်ကိုင်ခဲ့သော တရုတ်-အာရပ် ရေးရာကျွမ်းကျင်သူ Ahmed Abu Zeid က “ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းသောနိုင်ငံဖြစ်ပြီး အခြားတိုင်းပြည်တွေကို ကျူးကျော်တဲ့နိုင်ငံမဟုတ်ပါဘူး၊ ဒါပေမဲ့ တချို့သော ရန်စမှုတွေကိုတော့ တစ်ခါတစ်ရံတုံ့ပြန်သွားမှာပါ၊ ဒါကလဲ သာမန်ပါပဲ” ဟု ပြောပါသည်။

တရုတ်နိုင်ငံ၏ စစ်သားအရေအတွက် လျှော့ချခြင်း ကြေညာချက်သည် ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ စစ်လက်နက်၊ အသုံးအဆောင်အစ္စည်း သို့မဟုတ် စစ်သားအင်အား တိုးမြှင့်နေသည့်အချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။“We Are All East” Club of China Today Magazine သုတေသီ ဋ္ဌာနမှူး Sayyid Awwad ကလည်း “ စစ်ရေးပြ အခမ်းအနားဟာ စစ်အင်အားကို ထုတ်ဖော်ပြသလိုခြင်းမဟုတ်ဘဲ တခြားတိုင်းပြည်ကို ကျူးကျော်ဖို့ ရည်ရွယ်ချက်မရှိဘဲ တိုင်းပြည်ရဲ့စွမ်းအားတွေကို ပြသရုံသာ လုပ်ဆောင်ခြင်း ဖြစ်တယ်” ဟုပြောသည်။

အဆိုပါစစ်ရေးပြ အခမ်းအနားတွင် တခြားတိုင်းပြည်များပါဝင်ခြင်းကို ခွင့်ပြုခဲ့ခြင်းသည် ထိုတိုင်းပြည် များပါဝင်ခြင်းကြောင့် ဒုတိယကမ္ဘာစစ် အောင် မြင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် စည်းလုံး ညီညွတ်မှုကို လိုအပ် နေကြောင်း ကိုပြသ နေခြင်း ဖြစ်ကြောင်း Awwad ကပြောသည်။

ကြာသပတေးနေ့က ပြုလုပ်ခဲ့သော စစ်ရေးပြအခမ်းအနားတွင် တရုတ်နိုင်ငံသား စစ်သား နှင့် စစ်သမီးပေါင်း ၁၂၀၀၀ တို့နှင့်အတူ ပြည်ပနိုင်ငံပေါင်း ၁၇ နိုင်ငံမှ စစ်သား ပေါင်း ၁၀၀၀ ကျော် အတူတကွ စစ်ရေးပြ ခဲ့ကြ သည်။

ဒုတိယကမ္ဘာစစ်သည် အာရှ၊ ဥရောပ၊ အာဖရိက နှင့် ပစိဖိတ်သမုဒ္ဒရာနှင့်ထိစပ်နေသော ဒေသများသို့ သက် ရောက်ခဲ့၍ စစ်တပ်နှင့် အရပ်သားပေါင်း သန်း တစ်ရာကျော် ထိခိုက် ပျက်စီး ခဲ့ရသည်။ တရုတ်နိုင်ငံတွင်မူ လူပေါင်း ၃၅ သန်းကျော် ထိခိုက်ပျက်စီးခဲ့ရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117