Politics, Law & Military
တရုတ် နိုင်ငံ နှင့် ဂျပန် နိုင်ငံ တို့မှ ထိပ်တန်း အရာရှိ များ၏ ဒုတိယ အကြိမ်မြောက် နိုင်ငံရေး ဆွေးနွေးပွဲ အား တိုကျိုမြို့ တွင် ပြုလုပ်
တိုကျို ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)
တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ သည် အောက်တိုဘာ ၁၃ ရက်နေ့တွင် ဂျပန် အစိုးရ ၏ ဖိတ်ကြားမှု အရ ဂျပန် နိုင်ငံ အမျိုးသား လုံခြုံရေး ဌာန ဌာနမှူး Shotaro Yachi သဘာပတိ အဖြစ် ဆောင်ရွက် သည့် ဒုတိယ အကြိမ်မြောက် တရုတ်-ဂျပန် နိုင်ငံရေး ဆွေးနွေး ပွဲအား တက်ရောက် ခဲ့သည်။
ဆွေးနွေးပွဲ တွင် ယန်ကျဲ့ချီ မှ တရုတ်-ဂျပန် ဆက်ဆံရေးသည် တည်ငြိမ်တိုးတက်သည့် အခြေအနေ တွင် ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဂျပန် နိုင်ငံ နှင့် ဆက်ဆံရေး အား အလေးထားကြောင်း ၊ သမိုင်း ဖြစ်ရပ်မှန် များအား အခြေခံ၍ အနာဂတ် ဆောင်ရွက်မှု ကို ပိုမို ကောင်းမွန်စေသော စိတ်ထား ဖြင့် တရုတ်-ဂျပန် နှစ်နိုင်ငံ ၏ အခြေခံ နိုင်ငံရေး မူဝါဒ ၄ ခု အပေါ် အခြေပြု၍ တရုတ်-ဂျပန် ဆက်ဆံရေး အား တိုးမြှင့် နိုင်ရန် ဆောင်ရွက် သွားရ မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် ယန်ကျဲ့ချီ က ဂျပန် နိုင်ငံ အနေဖြင့် မိမိ ကတိ ပြုခဲ့သည့် အကြောင်း အရာ များအား လိုက်နာ သွားစေ လိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဂျပန် နိုင်ငံနှင့် အတူတကွ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး နှင့် အခြား ကဏ္ဍ များတွင် လည်း တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
Shotaro Yachi မှ လက်ရှိ ဂျပန်-တရုတ် ဆက်ဆံရေး သည် ကောင်မွန်စေအောင် ဆောင်ရွက်နေသည့် အခြေအနေ တွင် ရှိကြောင်း ၊ ကဏ္ဍ အသီးသီး တွင် အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်မှု များ ရှိနေကြောင်း ၊ ဂျပန် နိုင်ငံ အနေဖြင့် အခြေခံ သဘောတူညီမှု ရရှိထား သည့် မူဝါဒ ၄ ခု ကို ဆက်လက် ထိန်းသိမ်း သွာပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် ကို ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)