Connect with us

Politics, Law & Military

တရုတ်နှင့် ဗြိတိန်နိုင်ငံ တို့တရုတ်သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်အတွင်း ရလဒ်ကောင်းများ ရရှိမည်ဟု မျှော်လင့်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ တွင် တရုတ် နဂါးအကဖြင့် တရုတ် နှစ်သစ်ကူးပွဲတော် ကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဗြိတိန်နိုင်ငံသို့လာရောက်မည့် အလည်အပတ် ခရီးစဉ်အတွင်း ကုန်သွယ်ရေး နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ နှင့်ပတ်သက်၍ တိုးတက် ဆောင်ရွက်မှုများ ပြုလုပ်နိုင်မည်ဟု ခန့်မှန်းကြသည်။ အဆိုပါ ဆောင်ရွက်မှုများတွင် စွမ်းအင်၊ အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်း၊ ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ ဆေးဝါးကုသမှု နှင့် မော်တော်ကား ဆိုင်ရာ ကိစ္စရပ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ စီးပွားကူးသန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ကျန်းကျီက အစိုးရ အချင်းချင်း ငွေကြေးဆိုင်ရာ အဖွဲ့ အစည်းများ နှင့် ကုမ္ပဏီများကြား သဘောတူညီမှုများသည် ကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ပုံစံနှင့် ၎င်း၏ အနာဂါတ် ဦးတည်ချက်များကို သရုပ်ဖော် ပြသ ခဲ့ကြောင်း အောက်တိုဘာလ ၁၃ ရက် နေ့လည်ခင်း သတင်းစာ ရှင်းပွဲ၌ ပြောကြား ခဲ့သည်။
ဗြိတိန်သည် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သည့် အပြင် ဥရောပသမဂ္ဂ အတွင်း တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ် တစ်ခုဖြစ်ကာ တရုတ်နိုင်ငံ အနေဖြင့်လည်း ဗြိတိန်နိုင်ငံ ၏ စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံတစ်ခု ဖြစ်ကြောင်း သိရသည်။
ကျန်းက တရုတ်နှင့် ဗြိတိန် ကြား ပိုမို ကောင်းမွန်သော ကုန်သွယ်ရေး ဆက်ဆံမှုများက နှစ်နိုင်ငံ ဆက်ဆံရေး အတွက် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ကျန်းက ဆက်လက်၍ နှစ်နိုင်ငံသည် ကုန်သွယ်ရေး အစဉ်အလာများကို ညီညွတ် ခိုင်မာအောင် ဆောင်ရွက်သင့်ပြီး အခွင့်အလမ်းသစ်များကို ရှာဖွေကာ မြန်နှုန်းမြင့် ရထားလမ်း နှင့် နျူကလီးယား စွမ်းအင်ကဲ့သို့သော စီမံကိန်းကြီးများနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းလာစေရန် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
သမ္မတရှီ၏ အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက်နေ့အထိကြာမြင့်မည့် ဗြိတိန် ခရီးစဉ်သည် တရုတ်သမ္မတ တစ်ယောက်အနေဖြင့် ဆယ်နှစ်တာအတွင်း ပထမဆုံး အကြိမ်ဖြစ်ကြောင်း နှင့် ရှှီသည် လန်ဒန် နှင့် မန်ချက်စတာ မြို့တို့တွင် တည်းခိုသွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ချောင်၏ ပြောကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖိန် အား ဗြိတိန် ဘုရင်မ အဲလိဇဘတ်၂ က ကြိုဆိုမည် ဖြစ်ကြောင်း၊ ထို့နောက် တော်ဝင် မြင်းတပ်ဖွဲ့ အား စစ်ဆေး ကြည့်ရှုကြမည် ဖြစ်ကြောင်း သိရသည်။ အခြားအစီအစဉ်များ အနေဖြင့် နေ့လည်စာ စားပွဲသို့တက်ရောက်ခြင်း၊ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း နှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ အတိုက်အခံ ပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း နှင့် လန်ဒန်မြို့တော်ဝန် ၏ တည်ခင်း ဧည့်ခံ ကျွေးမွေးပွဲတွင် မိန့်ခွန်း ပြောကြားခြင်းတို့ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ရှီသည် လန်ဒန်မြို့တွင် ရှိနေစဉ်အတွင်း တော်ဝင် မိသားစု နှင့် တွေ့ဆုံ စကားပြောမည် ဖြစ်ကြောင်း သိရသည်။
ရှီသည် မန်ချက်စတာ မြို့တွင် တည်ခင်း ဧည့်ခံပွဲများကို တက်ရောက်မည် ဖြစ်ပြီး သုတေသန စီမံကိန်းများနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို လည်ပတ် ကြည့်ရှုသွားမည် ဖြစ်ကြောင်း သိရသည်။
ဝမ် က တရုတ်နိုင်ငံသည် ဗြိတိန်နိုင်ငံ၊ ဥရောပသမဂ္ဂ နှစ်ခုစလုံးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် ဥရောပသမဂ္ဂ အဖွဲ့အစည်း ၏ စုစည်းမှုကို ထောက်ခံ ပေးသွားမည် ဖြစ်ကြောင်းနှင့် ဥရောပသမဂ္ဂ အား နိုင်ငံတကာ အရေးကိစ္စ များတွင် အဓိက ကျသော အခန်းကဏ္ဍ တစ်ခုအဖြစ် ဆောင်ရွက်နိုင်ခြင်းကို မြင်တွေ့ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။
ကျန်းက တရုတ်နိုင်ငံ အနေဖြင့် ဗြိတိန်သည် ဥရောပ သမဂ္ဂ တွင် အပြုသဘော ဆောင်သည့် အခန်းကဏ္ဍ အဖြစ် ပါဝင်လာပြီး တရုတ်နိုင်ငံသို့ နည်းပညာမြင့် ထုတ်ကုန်များ တင်ပို့ခြင်း ကို မြှင့်တင်ပေးနိုင်မည် ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)