Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ ၏ တောင် တရုတ် ပင်လယ် အရေးကိစ္စ တွင် တူညီသည့် အကျိုးစီးပွား ဖြစ်ထွန်းမှု နှင့်ပတ်သက်၍ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ်သမ္မတ ရှီကျင့်ဖိန် (ဘယ်)နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမား (ညာ)တို့သည် စက်တင်ဘာလ ၂၅ရက်နေ့က ၀ါရှင်တန်တွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၆ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံသို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီး ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ ၏ တောင် တရုတ် ပင်လယ် အရေးကိစ္စ တွင် တူညီသည့် အကျိုးစီးပွား ဖြစ်ထွန်းမှု များစွာ ရှိကြောင်း ဝါရှင်တန်တွင် သောကြာနေ့ကပြောကြားခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖိန် သည် အမေရိကန်ပြည်ထောင်စုသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေစဉ်အတွင်း အိမ်ဖြူတော်၌ အမေရိကန်သမ္မတ အိုဘာမားနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ရှီကျင့်ဖိန် မှ တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ သည် တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းခြင်း ကိုထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တောင်တရုတ်ပင်လယ်အရေးနှင့် သက်ဆိုင်သည့်နိုင်ငံများသို့ ဆွေးနွေးညှိနှိုင်းခြင်း မှတစ်ဆင့် ငြိမ်းချမ်းသော ဖြေရှင်းနည်းဖြင့် တိုက်ရိုက် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် နိုင်ငံတကာ ဥပဒေများ အတိုင်းခံစား ရရှိနိုင်သော လွတ်လပ်စွာရေကြောင်းသွားလာမှုနှင့် လေကြောင်းဖြတ်သန်းမှုများကို ထောက်ပံ့ပေးသွား မည့်အပြင် ဆွေးနွေးသည့် နည်းလမ်းဖြင့် မတူညီသော အရာများကို ပိုမိုကြီးထွားမလာစေရန်ထိန်းညှိပေးသွားမည်ဖြစ်ကြောင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ပြောကြားခဲ့သည်။

ရှီကျင့်ဖိန် မှ တောင်တရုတ်ပင်လယ်အရေး နှင့် သက်ဆိုင်သည့် နိုင်ငံများအတွက် ပြီးပြည့်စုံပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် နိုင်မည့် ကြေငြာချက်စာတမ်းနှင့် အများဆန္ဒပေါ်အခြေခံပြီး တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်သည့် ကျင့်ဝတ် စည်းမျဉ်းများအပေါ် ညှိနှိုင်းဆွေးနွေးခြင်း များ စောလျင်စွာ အပြီးသတ်နိုင် စေရန် တရုတ်-အမေရိကန် နှစ်နိုင်ငံလုံးက ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

တရုတ်-အမေရိကန် နှစ်နိုင်ငံလုံးသည် သက်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြဲတမ်း ထိတွေနေမည့် ဆက်ဆံရေးမျိုးကို ဆက်လျက် ထိန်းသိမ်းသွားရန် သဘောတူခဲ့ကြောင်း ရှီကျင့်ဖိန် မှ ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဝါရှင်တန်သို့မရောက်ရှိခင် စီဟက်တယ်ရှိ West Coast technology နှင့် Aviation hub သို့သွားရောက်ခဲ့ပြီး တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ နိုင်ငံကြီး ဆက်ဆံရေး ပုံစံသစ် ပိုမိုဖွံ့ဖြိုးလာစေရန် အချက်(၄)ချက်ပါ ကမ်းလှမ်းချက်ကို မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်သမ္မတသည် စက်တင်ဘာလ (၂၆)မှ (၂၈)ရက်အတွင်း ကျင်းပမည့် ကုလသမဂ္ဂတည်ထောင်ခြင်း နှစ် (၇၀)ပြည့်အထိမ်းအမှတ် ထိပ်သီးညီလာခံများနှင့် အစည်းအဝေးပွဲများ သို့တက်ရောက်ရန် အတွက် နယူးယောက်တွင် ရှိမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.