Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများ အတူတကွ မြှင့်တင် လုပ်ဆောင် သွားလိုကြောင်း သမ္မတ ရှီပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ ၌ ကျင်းပသော အိမ်ဖြူတော် ကြိုဆိုပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြား နေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် ၏ အမေရိကန်နိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်သည် ပုံစံသစ် နိုင်ငံကြီး ဆက်ဆံရေး ထူထောင်ခြင်း အတွက် အဓိက ဖြစ်ပြီး အမေရိကန်နိုင်ငံ နှင့် အတူ ငြိမ်းချမ်းရေး နှင့် ပူးပေါင်း ဆောင်ရွက်မှုများ အတူတကွ မြှင့်တင် လုပ်ဆောင်သွားလိုခြင်း ဖြစ်ကြောင်း ရှီက အိမ်ဖြူတော်၌ ကြိုဆိုခြင်း အခမ်းအနား အဖွင့်မိန့်ခွန်း ၌ ပြောကြား လိုက်ပါသည်။

တရုတ် နှင့် အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ပြီး ကမ္ဘာအတွက် ကြီးမားသော အကျိုးရလဒ်များ ဖြစ်ပေါ်လာ နိုင်ကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်တိုးတက် မည်ဟု အပြန်အလှန် ယုံကြည်ကြောင်း ရှီက ထပ်လောင်း ပြောကြားထားသည်။

ထို့ပြင် နှစ်ဘက်လုံး အနေဖြင့် ရင်းနှီးချစ်ကြည်မှုများ တိုးမြှင့်သွားမည်ဖြစ်သလို၊ လူမှုရေးဆိုင်ရာ ဖလှယ်ခြင်း များကိုလည်း အားပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရေးရာများမှာလည်း ပူးပေါင်း၍ ကမ္ဘာတစ်ဝှမ်းလုံး အတွက် အကောင်းမွန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဟာဗျူဟာများဖြင့် ၎င်း၊ အပြန်အလှန် ယုံကြည်မှုများဖြင့် ၎င်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ရှီက ပြောပါသည်။

အမေရိကန်နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား ကလည်း တရုတ်နိုင်ငံ ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ် အား ထောက်ခံကြောင်း၊ နိုင်ငံကြီး နှစ်နိုင်ငံ ပူးပေါင်းခြင်း အားဖြင့် နှိုင်းယှဉ်မရသော စွမ်းအင်များဖြင့် အနာဂတ် နိုင်ငံအား ရှေ့ဆက် ပုံဖော်သွားမည် ဖြစ်ပါကြောင်း၊ အီရန်နိုင်ငံ ၏ နျူကလီးယား လုပ်ငန်းစဉ် အစရှိသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး များ၌လည်း တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ အမြန်ရထားလမ်း စီမံကိန်း အတွက် တရုတ်နိုင်ငံ ၏ ပါဝင်ဆောင်ရွက်မှု အပေါ် ကျေးဇူးတင်ကြောင်း အဖွင့်မိန့်ခွန်း ၌ ထည့်သွင်း ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား အိမ်ဖြူတော်တွင် ကျင်းပသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ကြိုဆိုပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ်ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် တို့အား အမေရိကန်နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား နှင့် ဇနီး မစ်ချယ်လ် အိုဘားမား တို့က အိမ်ဖြူတော် ၌ နိုင်ငံတော် အခမ်းအနားဖြင့် ကြိုဆိုခဲ့ပါသည်။

ဂုဏ်ပြုတပ်ဖွဲ့ မှ နှစ်နိုင်ငံ ၏ နိုင်ငံတော် သီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ခဲ့သည်။ ဂုဏ်ပြုတပ်ဖွဲ့ မှ သေနတ် ၂၁ ချက် ပစ်ဖောက်ခြင်းဖြင့် ကြိုဆို ဂုဏ်ပြုခဲ့ပါသည်။

ကြိုဆိုပွဲ အခမ်းအနား ပြီးနောက် နှစ်နိုင်ငံ ခေါင်းဆောင်များသည် တရားဝင် ဆွေးနွေးမှုများ ဆက်လက်လုပ် ဆောင်ကြသည်။နေ့လည်ပိုင်း တွင် ရှီသည် အမေရိကန် ပါလီမန် ခေါင်းဆောင်များ နှင့် အမေရိကန် အောက်လွှတ်တော် အဆောက်အအုံ တွင် ဥပဒေပြု လွှတ်တော်ဆိုင်ရာ ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေးရန် ရှိပါသည်။

ထို့နောက် ရှီသည် အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘစ်ဒန် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီတို့ တည်ခင်း ဧည့်ခံသော နေ့လည်စာ စားပွဲသို့ တက်ရောက် မည်ဖြစ်သည်။

ညပိုင်းတွင်တော့ ရှီသည် သမ္မတ အိုဘားမား တည်ခင်းဧည့်ခံမည့် နိုင်ငံတော် ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၏ ဖိတ်ကြားမှု အရ စက်တင်ဘာလ ၂၆ ရက်နေ့ မှ ၂၈ ရက်အတွင်း အမေရိကန် နိုင်ငံ နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ် တွင် ပြုလုပ်မည့် ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ကိုလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)