Politics, Law & Military
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တို့ နှစ်နိုင်ငံ ထိပ်သီး အစည်းအဝေး ကျင်းပ သွားမည်
ဖလော်ရီဒါ ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဧပြီလ ၆ ရက်နေ့က အထူးလေယာဉ် ဖြင့် အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် သို့ရောက်ရှိခဲ့ပြီး Mar-a-Lago စံအိမ် ၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် အတူ တရုတ်-အမေရိကန် နှစ်နိုင်ငံ ထိပ်သီး အစည်းအဝေး ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဒေသစံတော်ချိန် နေ့လည် ၁ နာရီ ၅၀ မိနစ် အချိန်တွင် အထူး လေယာဉ် ဖြင့် ဖလော်ရီဒါ ပြည်နယ် Palm Beach အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ လေဆိပ်သို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tillerson နှင့် ဇနီး တို့မှ ဂုဏ်ပြု တပ်ဖွဲ့ နှင့် အတူ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး အား လာရောက်ကြိုဆို ခဲ့ကြသည်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး အမေရိကန် နိုင်ငံ Palm Beach အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ခဲ့စဉ်(ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး အမေရိကန် နိုင်ငံ Palm Beach အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ခဲ့စဉ်(ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဧပြီလ ၆ ရက် နှင့် ၇ ရက် အတွင်း ဒေါ်နယ်ထရမ့် နှင့် အတူ တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး အပါအဝင် နှစ်နိုင်ငံ အတူတကွ အလေးထားသည့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ်များကို နက်ရှိုင်းစွာ ဆွေးနွေးကာ သဘောထား အမြင်များ ဖလှယ်သွားကြမည် ဖြစ်ကြောင်း ၊ ယခုအကြိမ်တွေ့ဆုံမှု သည်လည်း အမေရိကန် နိုင်ငံ အစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက်ပိုင်း ပထမ ဦးဆုံးသော တရုတ်-အမေရိကန် နှစ်နိုင်ငံ ထိပ်သီး အစည်းအဝေး တစ်ရပ် ဖြစ်ကြောင်း သိရှိရသည်။
သမ္မတ ရှီကျင့်ဖိန် သည် ဖင်လန် နိုင်ငံ သို့ တရားဝင် ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် အပြီးတွင် အမေရိကန် နိုင်ငံ သို့ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)