Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ နှင့် အမေရိကန် နိုင်ငံ သမ္မတ တို့မှ နှစ်နိုင်ငံ ခေါင်းဆောင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး တို့မှ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကျင်းပ ပြုလုပ်ပေးခဲ့သည့် ဂုဏ်ပြု ညစာစားပွဲ ကို တက်ရောက် ခဲ့စဉ်(ဆင်ဟွာ)

မာအာလာဂို ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့သည် ဒေသစံတော်ချိန် ဧပြီလ ၆ ရက်နေ့၌ အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် ရှိ မာအာလာဂို စံအိမ် တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ အချိန်ကြာမြင့်စွာ ၊ ချစ်ခင်ရင်းနှီးစွာ ၊ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး အတွက် သမိုင်းဝင် တိုးမြှင့်မှု များရရှိခဲ့ကြောင်း သုံးသပ်ခဲ့ကြကာ ယခု စတင်မှတ် အသစ် တစ်ခုမှနေ၍ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် တွန်းအားပေး ဆောင်ရွက်သွားရန်ကိုလည်း သဘောတူညီ ခဲ့ကြသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး တို့ ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် မာအာလာဂို စံအိမ် သို့ရောက်ရှိလာခဲ့ရာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဇနီး တို့မှ လာရောက်ကြိုဆိုခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင် တို့ အတူတကွ မှတ်တမ်း ဓာတ်ပုံရိုက်ကူး ခဲ့ကြပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ၏ မြေးလေး တို့မှ တရုတ် သီချင်း နှင့် တရုတ် ကဗျာ များ တီဆိုမှု ကို အတူတကွ ကြည့်ရူ ခဲ့ကြသည်။

တွေ့ဆုံ ဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မိမိ နှင့် အမေရိကန် သမ္မတ တို့အကြား အနီးကပ် ဆက်ဆံရေး ထားရှိခဲ့ပြီး အကြိမ်ကြိမ် ဆက်သွယ်ပြောဆိုမှုများ ပြုလုပ် ခဲ့ကြောင်း ၊ မိမိ အနေဖြင့် အမေရိကန် သမ္မတ နှင့် အတူ တရုတ်-အမေရိကန် ဆက်ဆံရေး နှင့် အရေးကြီးသည့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ် များကို နက်ရှိုင်းစွာ သဘောထား အမြင်များ ဖလှယ် သွားလိုပြီး ပိုမို များပြားသည့် သဘောတူညီမှု များရရှိစေကာ ခေတ်သစ် တရုတ်-အမေရိကန် ဆက်ဆံရေး အတွက် ဦးတည်ချက် ချမှတ် ဆောင်ရွက်သွား လိုကြောင်း ပြောကြား ခဲ့သည်။

သမ္မတ ရှီကျင့်ဖိန် က တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်ခြင်းသည် နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံ ပြည်သူလူထု အတွက် အကျိုးရှိစေရုံသာမက တစ်ကမ္ဘာလုံး အတွက် အကျိုးရှိစေမည် ဖြစ်ကြောင်း ၊ ကျွန်တော် တို့အနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ရန် အတွက် ထောင်နှင့်ချီသော အကြောင်းပြချက် များစွာ ရှိပြီး ပျက်စီးစေရန် မည်သည့် အကြောင်း ပြချက် တစ်ချက်မျှ မရှိကြောင်း ၊ တရုတ်-အမေရိကန် ဆက်ဆံရေး ပုံမှန် ဖြစ်တည် ခဲ့သည့် ၄၅ နှစ်တာ ကာလ အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး သည် အခက်အခဲများစွာ နှင့် ရင်ဆိုင်ခဲ့ရပြီး သမိုင်းဝင် တိုးတက်မှု များရရှိကာ နှစ်နိုင်ငံ ပြည်သူလူထု အတွက် ကြီးမားသည့် အကျိုးကျေးဇူးများကို ရရှိစေခဲ့ကြောင်း ၊ လာမည့် ၄၅ နှစ်တာ ကာလ တရုတ်-အမေရိကန် ဆက်ဆံရေး မည်သို့တိုးတက်ဖွံ့ဖြိုးမည်နည်း ဆိုသည့် မေးခွန်းသည် ကျွန်တော် တို့အနေဖြင့် နက်ရှိုင်းစွာ စဉ်းစား တွေ့ခေါ်လိုပြီး နှစ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့်လည်း နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ကာ သမိုင်းတွင်မည့် တာဝန်များကို ခံယူသွားရမည် ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် အမေရိကန် သမ္မတ နှင့် အတူ စတင်မှတ် အသစ် မှ တရုတ်-အမေရိကန် ဆက်ဆံရေး ပိုမိုများပြားသည့် တိုးတက်မှု များရရှိအောင် ဆောင်ရွက်သွား လိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် သမ္မတ ရှီကျင့်ဖိန် က ပူးပေါင်းဆောင်ရွက်ခြင်းသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ အတွက် တစ်ခု တည်းသော မှန်ကန်သည့် ရွေးချယ်မှု တစ်ခု ဖြစ်ပြီး ကျွန်တော် တို့ နှစ်နိုင်ငံ အနေဖြင့် အလွန်ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် နိုင်ငံများ လုံးဝ ဖြစ်နိုင်ကြောင်း ၊ နောက်တစ်ဆင့် အနေဖြင့် နှစ်နိုင်ငံ မှ ထိပ်သီး ခေါင်းဆောင်များ ကူးလူးဆက်ဆံမှု အတွက် ကောင်းမွန်စွာ စီစဉ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် အမေရိကန် သမ္မတ အား ယခုနှစ် အတွင်း တရုတ် နိုင်ငံ သို့လာရောက် လည်ပတ်ရန် ဖိတ်ခေါ်လိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ဆက်လက်၍ ပုံစံ အမျိုးမျိုးဖြင့် အနီးကပ် ဆက်ဆံမှု ရှိရန် ထိန်းသိမ်း သွားရမည် ဖြစ်ကြောင်း ၊ အသစ်တည်ထောင်ခဲ့သည့် လုံခြုံရေး ဆိုင်ရာ နိုင်ငံခြားရေး တွေ့ဆုံဆွေးနွေးမှု ၊ စီးပွားရေး ဆိုင်ရာ ဘက်စုံ တွေ့ဆုံဆွေးနွေးမှု ၊ တရားဥပဒေ စိုးမိုးရေး နှင့် အင်တာနက် လုံခြုံရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှု ၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု စသည့် အဆင့်မြင့် တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်မှု ၄ ခုကို ကောင်းမွန်စွာ အသုံးချ သွားရမည် ဖြစ်ကြောင်း ၊ ကြီးမားသည့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မည် ဆိုလျှင် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှု အချက်အလက် များကို သတ်မှတ်ပြီး စောလျင်စွာ အကျိုးရလဒ်များ ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူညီချက် ညှိနှိုင်းဆွေးနွေးမှု ကို တွန်းအားပေး ဆောင်ရွက်ပြီး နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ကောင်းမွန်စွာ တိုးတက်ဖွံ့ဖြိုးရေး ကို တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်း ဖော်ဆောင်ရန် နှင့် စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ အတွက် ဆွေးနွေး သွားကြရမည် ဖြစ်ကြောင်း ၊ ထိလွယ်ရှလွယ် သည့် ကိစ္စရပ်များတွင် ကောင်းမွန်စွာ ကိုင်တွယ်သွားပြီး အငြင်းပွားမှု များကို အပြုသဘော ဆောင်သည့် ထိန်းချုပ်မှုများ တည်ဆောက်ရမည်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နိုင်ငံတကာ နှင့် ဒေသတွင်း အရေးကြီး ကိစ္စရပ် များတွင် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှု များကို တိုးမြှင့် သွားပြီး အရေးကြီး ကိစ္စရပ် များအား ကောင်းမွန်စွာ ဖြေရှင်းရန် အတွက် အတူတကွ တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ လက်နက် မှောင်ခိုကူးမှု ရပ်တန့်ရေး (Proliferation Security Initiative,PSI) နှင့် နိုင်ငံဖြတ်ကျော် ဒုစရိုက်မှု တိုက်ဖျက်ရေး စသည့် ကမ္ဘာ့လုံးဆိုင်ရာ စိန်ခေါ်မှုများ တွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရမည် ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ ၊ G-20 ၊ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း စသည့် ကဏ္ဍများတွင် ညှိနှိုင်းဆက်သွယ်မှု များကို တိုးမြှင့်သွားပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နှင့် စည်ပင်သာယာရေး အတွက် အတူတကွ ထိန်းသိမ်း သွားရမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်-တရုတ် နှစ်နိုင်ငံ သည် ကမ္ဘာ့နိုင်ငံကြီးများ အနေဖြင့် ကြီးမားသည့် တာဝန်များ ရှိကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အရေးကြီး ကိစ္စရပ် များတွင် ညှိနှိုင်းဆက်သွယ်မှု ကို ထိန်းသိမ်း သွားရန် လိုအပ်ပြီး ကြီးမားသည့် ကိစ္စရပ်များကို အတူတကွ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် ယခုအကြိမ် အမေရိကန်-တရုတ် ခေါင်းဆောင် တွေ့ဆုံဆွေးနွေးမှု အပေါ် မျှော်လင့်ချက် များစွာ ထားရှိခဲ့ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကောင်းမွန်သည့် လုပ်ငန်းဆောင်ရွက်မှု ဆက်ဆံရေး တည်ဆောက်သွားရန် မျှော်လင့်ကြောင်း ၊ အမေရိကန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကြီးမားသည့် တိုးတက်မှု များရရှိရန် တွန်းအားပေး လိုကြောင်း ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် သည် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ တရုတ် နိုင်ငံ သို့လာရောက် လည်ပတ်ရန် ဖိတ်ကြားမှု ကို လက်ခံခဲ့ပြီး အမြန်ဆုံး အကောင်အထည် ဖော်လိုကြောင်း ပြောကြား ခဲ့သည်။

တရုတ်-အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင် တို့သည် တွေ့ဆုံဆွေးနွေးစဉ် အတွင်း မိမိ တို့မှ တွန်းအားပေး ဆောင်ရွက်နေသည့် ပြည်တွင်း/ပြည်ပ ကိစ္စရပ်များကို မိတ်ဆက်ပြောကြား ခဲ့ကြပြီး အရေးကြီး ကိစ္စရပ်များ အပေါ် ထားရှိသည့် သဘောထားအမြင်များကို ဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.