Connect with us

Politics, Law & Military

ရှီ-ထရမ့် တွေ့ဆုံပွဲက ကမ္ဘာအတွက် စိတ်ချယုံကြည်မှုရှိစေမလား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ဧပြီလ ၆ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့၏ တွေ့ဆုံမှုက အနာဂတ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု အနေအထား တစ်ခုကို ဖော်ဆောင်နိုင်မည်လော။

ဇန်နဝါရီလမှာ အမေရိကန် သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့် တာဝန်ယူပြီး ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံ သမ္မတ နှစ်ဦးက မာ-အာ-လာဂို (ma-a-Lago) အပန်းဖြေ စံအိမ်တော် တွေ့ဆုံပွဲက ပုံမှန် ချစ်ကြည်ရေး ခရီးစဉ် တစ်ခုထက် ပိုပြီး ဘုံ ဆက်စပ်လျက်ရှိတဲ့ ကိစ္စရပ်များ၏ ထိရောက်သော ဆက်သွယ်ရေး ဖြစ်ပေါ်လာစေရေး အပေါ် ဦးတည်နေကြောင်း မြင်တွေ့နိုင်ပါမည်။

ယင်းအချက်မှာ မူဝါဒ ချိန်ညှိနေရတဲ့ ထရမ့် အစိုးရကို တပ်လှန့်လိုက်ခြင်းလည်း ဖြစ်သလို လာမည့် အစည်းအဝေးကလည်း အပြုသဘောဆောင်ပြီး စိတ်ချရနိုင်သော သတင်းစကားများဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စေဖို့ အတော်လေး အလေးထားတယ်ဆိုတာကို တွေ့မြင်နိုင်သည်။

နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၁၉၇၉ ခုနှစ်ကတည်းက တရုတ်နှင့် အမေရိကန်တို့၏ ဆက်ဆံရေး အတက်အကျ ရှိခဲ့သော်လည်း အထူးသဖြင့် တစ်ဦးကို တစ်ဦး အမီပြုမှုနဲ့ တူညီတဲ့ အကျိုးစီးပွားတွေ တိုးတက်မှု စတဲ့ အဓိက ဆိုလိုရင်းကတော့ ကျန်ရှိနေဆဲပါပဲ။

နှစ်နိုင်ငံ ကုန်စည်များ ကုန်သွယ်ရေးမှာလည်း ၁၉၇၉ ခုနှစ်ထက် ၂၀၇ ဆ တိုးတက်လာကာ ၂၀၁၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၁၉.၆ ဘီလီယံအထိ ရှိလာခဲ့သည့်။ ပြီးခဲ့သည့် နှစ်ကုန်အထိ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုမှာလည်း အမေရိကန် ဒေါ်လာ ၁၇၀ ဘီလီယံရှိခဲ့သည်။ ဒါ့အပြင် အကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲခြင်း စတာတွေမှာ ပူးပေါင်း တိုက်ဖျက်ခဲ့ကြပြီး ကမ္ဘာ့အရေးနဲ့ စပ်ဆိုင်တဲ့ ကိစ္စတွေမှာ ပူးပေါင်း လုပ်ဆောင်ခဲ့တာ တွေ့ရသည်။

တရုတ်-အမေရိကန် ဆက်ဆံရေး ခိုင်မာမှုဟာ နှစ်နိုင်ငံ ပြည်သူတွေအတွက်သာမကဘဲ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်ကြောင်း၊ မှန်ကန်တဲ့ လမ်းကြောင်း နဲ့ ရှေ့ဆက်နေသည်ဆိုခြင်းကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများက သက်သေပြနေပါသည်။

နှစ်နိုင်ငံ ထိပ်တိုက် တွေ့ဆုံမှုမရှိ၊ ပဋိပက္ခတွေ မရှိ၊ အပြန်အလှန် လေးစားမှုနှင့် နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အခြေခံကာ နှစ်နိုင်ငံ ဆက်ဆံရေး ရှေ့ဆက်ရန် ၂၀၁၃ ခုနှစ်တွင် တရုတ်နှင့် အမေရိကန်တို့က သဘောတူခဲ့ကြသည်။

ထို နိယာမများအားဖြင့် ဆက်လက် အောင်မြင်မည်ဟု မျှော်လင့်ထားကြောင်း မတ်လအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တီလာဆန်က အရိပ်အမြွက် ပြောကြားခဲ့သည်။

အထူးသဖြင့် ထိပ်ပိုင်းအဆင့် တာဝန်ရှိသူတွေအကြား မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ဆက်လက် နေထိုင်ရင်း ရင်းနှီးသည့် ဆက်ဆံရေးအား ထိန်းသိမ်းသွားကြရမည် ဖြစ်သည်။

ကမ္ဘာ့ စီးပွားရေး ပြန်လည် ဦးမော့လာစေရန် အားနည်းနေခြင်း၊ ကမ္ဘာလုံးလွှမ်းခြုံမှု ဆန့်ကျင်မှု ကြီးထွားလာခြင်း စသည်တို့ ရှိနေသည့်ကြားမှ တရုတ်နှင့် အမေရိကန်တို့အား ကမ္ဘာက စောင့်ကြည့်နေကြသည်။

ရှီနှင့် ထရမ့်တို့၏ တွေ့ဆုံမှုသည် အခြား ခေါင်းစဉ်များစွာကြားမှ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူပေါင်းဆောင်ရွက်မှု သဘောတူညီချက် တစ်ရပ်အား ရှာတွေ့နိုင်ရန် မျှော်လင့်ထားကြသည်။ ယင်း တွေ့ဆုံမှု၏ ရလဒ်များကလည်း ကမ္ဘာကြီးအတွက် ရိုက်ခတ်မှုများစွာ ရှိလာမည် ဖြစ်သည်။

တစ်ဆက်တည်းမှာပင် နိုင်ငံကြီး နိုင်ငံများ ဖြစ်သည့်အားလျော်စွာ တရုတ်နှင့် အမေရိကန်နိုင်ငံတို့သည် ၎င်းတို့၏ အကောင်းဆုံး ကိုယ်ပိုင် အကျိုးစီးပွားများကိုလည်း ရှာဖွေနိုင်မည် ဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံလုံးအနေဖြင့် တာဝန်သိ တာဝန်ယူမှုရှိခြင်း၊ တစ်နိုင်ငံချင်း သို့မဟုတ် ပူးတွဲကာ လူမှုဘဝများ မြှင့်တင်ပြီး အများပြည်သူဆိုင်ရာ ကုန်စည်များ ထောက်ပံ့ပေးခြင်း စသဖြင့် ကမ္ဘာကြီးအတွက် အကောင်းဆုံး ဥပမာများ ယူဆောင်ပေးရန် လိုအပ်ပေသည်။

အရေးကြီးဆုံးကတော့ နှစ်နိုင်ငံ ထိပ်တိုက်တွေ့ဆုံမည့် အရေးအား ရှောင်ရှားခြင်း ဖြစ်သည်။ စားပွဲဝိုင်း ဆွေးနွေးခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းတွေ တိုးမြှင့် လုပ်ဆောင်ခြင်းဖြင့် ကိစ္စရပ်များစွာကို လိမ္မာပါးနပ်စွာ ကိုင်တွယ်သွားနိုင်ပေမည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.