Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ဗြိတိန် လွှတ်တော် ၌ မိန့်ခွန်း ပြောကြားရာတွင် တရုတ်-ဗြိတိန် နှစ်နိုင်ငံ သည် အပြန်အလှန် အကျိုးပြုသည့် မိတ်ဆွေ ဖြစ်ကြောင်းပြောကြား

တရုတ်သမ္မတ ရှီကျင့်ဖိန် ဗြိတိန် ပါလီမန်လွှတ်တော်၌ အောက်တိုဘာလ ၂၀ရက်နေ့က မိန့်ခွန်းပြောကြားနေစဉ်။

လန်ဒန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ဗြိတိန် နိုင်ငံ သို့ ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် သွားရောက်စဉ် အတွင်း ဗြိတိန် နိုင်ငံ လွှတ်တော်၌ မိန့်ခွန်း ပြောကြားရာတွင် တရုတ်-ဗြိတိန် နှစ်နိုင်ငံ သည် အပြန်အလှန် အကျိုးပြုသည့် မိတ်ဆွေ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံတော် သမ္မတ မှ မိန့်ခွန်းပြောကြားရာတွင် တရုတ် နိုင်ငံ နှင့် ဗြိတိန် နိုင်ငံ သည် အပြန်အလှန် ချိတ်ဆက်မှု များ ရှိနေသော အကျိုးတူ အသိုက်အဝန်း ဖြစ်ကြောင်း ၊ တရုတ်-ဗြိတိန် နှစ်နိုင်ငံ အနေဖြင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု များကို တိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ဗြိတိန် နိုင်ငံ လွှတ်တော် မှ တရုတ်-ဗြိတိန် ပူးပေါင်းဆောင်ရွက်မှု အတွက် အထောက်အကူ ပြုနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

အခမ်းအနား တွင် အောက်လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော် အမတ် ဂျွန်ဘာကိုး က သမ္မတရှီအား ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြား ခဲ့သည်။ အထက် လွှတ်တော်ဥက္ကဋ္ဌ ဘာရိုးနက် ဒီဆိုဇာ မှလည်း သမ္မတရှီအား ကျေးဇူးတင်စကား ပြောကြား ခဲသည်။ မိန့်ခွန်း ပြောကြားအပြီးတွင် လွှတ်တော်အမတ် များ မှ သီးသန့် ဧည့်ခံပွဲ တွင် သမ္မတ ရှီကျင့်ဖိန် အား တရုတ်နိုင်ငံ နှင့် ဗြိတိန် နှစ်နိုင်ငံ တို့၏ ရင်းနှီး ချစ်ကြည်သော ဆက်ဆံမှုအား ကိုယ်စားပြု သည့် စာရွက် စာတမ်းများ ကို ပြသ ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.