Connect with us

Politics, Law & Military

ဗြိတိန်နိုင်ငံ ဘုရင်မကြီး က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား တော်ဝင် အခမ်းအနား ဖြင့် ကြိုဆို

တရုတ် သမ္မတရှီကျင့်ဖိန် က တော်ဝင်မိသားစုနှင့် ထိပ်တန်းအရာရှိများအား လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ/AP)

လန်ဒန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဘုရင်မကြီး အဲလိဇဘတ် ၂ က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား အောက်တိုဘာလ ၂၀ ရက် နေ့လည်ပိုင်း တွင် ထုံးတမ်းစဉ်လာ နှင့် အညီ အခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး တော်ဝင် မိသားစုဝင်များ၊ နိုင်ငံရေး ခေါင်းဆောင်များ နှင့် အတူ လန်ဒန်မြို့လယ်တလျှောက် တော်ဝင်မြင်းတပ် ခြံရံ၍ ဘက်ကင်ဟမ် နန်းတော်သို့ သွားရောက်ခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီးအား ဘုရင်မကြီး ကိုယ်စား ချားလ်စ်မင်းသားက ဟိုတယ်အထိ လာ ရောက် ကြိုဆို ခေါ်ဆောင်ခဲ့ပြီး တော်ဝင် ကြိုဆိုပွဲ အခမ်းအနားသို့ အတူသွားရောက်ခဲ့ပါသည်။

ကြိုဆိုပွဲ အခမ်းအနားတွင် ဂုဏ်ပြု အမြှောက်တပ်မှ အမြှောက် ၄၁ ခုဖြင့် အချက်ပေါင်း ၁၀၃ ချက် ပစ်ဖောက် ကြိုဆိုခဲ့ပြီး ဘုရင်မကြီး နှင့် နယ်စားကြီး တို့က သမ္မတရှီ နှင့် ဇနီးတို့အား တော်ဝင် အဆောက်အအုံ ၌ ကြိုဆို ခဲ့ကြသည်။

တရုတ် သမ္မတရှီကျင့်ဖိန် ၏ ဇနီး ဖျိန်လိယွမ် က တော်ဝင်မိသားစုနှင့် ထိပ်တန်းအရာရှိများအား လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ/AP)

တရုတ် သမ္မတရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် တို့သည် ဗြိတိန်ဘုရင်မ Elizabeth နှင့် ကြင်ရာတော် မင်းသား Philip တို့နှင့် အတူ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုမှုကို ခံယူနေစဉ် (ဆင်ဟွာ/AP)

တရုတ် သမ္မတရှီကျင့်ဖိန် နှင့် ကြင်ရာတော် မင်းသား Philip တို့သည် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ် (ဆင်ဟွာ/AP)

တရုတ် သမ္မတရှီကျင့်ဖိန် နှင့် ဗြိတိန်ဘုရင်မ Elizabeth တို့ အား နိုင်ငံတော်အဆင့်ရထားလုံးဖြင့် ဘက်ကင်ဟမ် နန်းတော် သို့ စတင် ထွက်ခွာသည်ကို တွေ့ရစဉ် (ဆင်ဟွာ/AP)

ထောင်ပေါင်း များစွာသော ပြည်သူများသည် ဘက်ကင်ဟမ် နန်းတော် နှင့် လမ်းတလျှောက်တွင် ဆယ်စုနှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ရောက်ရှိလာသည့် တရုတ်နိုင်ငံ သမ္မတအား ကြိုဆို နှုတ်ခွန်းဆက်ရန် နံနက် အစောပိုင်း ကတည်းက တန်းစီ စောင့်ဆိုင်း နေခဲ့ကြသည်။ နှစ်နိုင်ငံ ဆက်ဆံရေးအား သမ္မတရှီ အနေဖြင့် “ရွှေရောင်လွှမ်းသော အချိန်များ” အဖြစ် စတင်ရန် မျှော်လင့်ထားသည်။

ရှီသည် Edinburgh နယ်စားကြီး နှင့် အတူ တော်ဝင် တပ်ဖွဲ့အား ကြည့်ရှုစစ်ဆေးပြီးနောက် နိုင်ငံတော်အဆင့် ရထားလုံးဖြင့် ဘက်ကင်ဟမ်နန်းတော် ခန်းမသို့ သွားရောက်ခဲ့ပါသည်။

သမ္မတရှီ သည် ဗြိတိန် ခရီးစဉ်အတွင်း နယ်ပယ် ပေါင်းစုံ မှ ပြည်သူ လူထုများ နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး အနာဂတ် နှင့် အနာဂတ် တွင် ပူးပေါင်း ဆောင်ရွက်မှု အတွက် အထူး ကောင်းမွန်သော စီမံချက် Grand Blueprint အား ရေးဆွဲနိုင်ရေး အတွက် လည်း ရှေးရှု ဆောင်ရွက် သွားမည် ဖြစ်သည်။
သမ္မတ ရှီကျင့်ဖိန် ၏ ဗြိတိန် နိုင်ငံ လည်ပတ်ရေး ခရီးစဉ်တွင် ကုန်သွယ်မှု ကဏ္ဍ၌ အောင်မြင်မှု များစွာ ရရှိနိုင်မည် ဖြစ်ကြောင်း ၊ ထို့ပြင် အစိုးရ ချင်း သဘောတူညီမှု များ ၊ ငွေကြေးဆိုင်ရာ နှင့် စီးပွားရေး လုပ်ငန်း ဆိုင်ရာ စသည့် ကဏ္ဍ အသီးသီး တွင် ပူးပေါင်း ဆောင်ရွက်မှု များလည်း ရရှိ နိုင်မည် ဖြစ်ကြောင်း ၊ တရုတ်-ဗြိတိန် နှစ်နိုင်ငံ မှ အမြန်ရထားလမ်း၊ နျူစွမ်းအင် လျှပ်စစ်ဓာတ်အား ပေးစက်ရုံ ၊ ငွေကြေးဆိုင်ရာ စီမံကိန်း စသည် တို့တွင် နှစ်နိုင်ငံ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု များအား တွန်းအားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ရှီ ၏ ဗြိတိန်နိုင်ငံ ခရီးစဉ်သည် အောက်တိုဘာလ ၂၃ ရက် တွင် အဆုံးသတ် မည်ဖြစ်ပြီး ၂၀၀၅ ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံ သမ္မတ တစ်ဦး အနေဖြင့် ဗြိတိန် သို့ ပထမဆုံး အကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။ ရှီသည် မန်ချက်စတာ စီးတီး သို့လည်း သွားရောက် လည်ပတ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)