Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အပေါ် ကနေဒါ နိုင်ငံ ကျန်းမာရေး ဝန်ကြီး က တိကျမှန်ကန်စွာ ဝေဖန် ခဲ့သည့် အတွက် ချီမွမ်းကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ကနေဒါ နိုင်ငံ ကျန်းမာရေးဝန်ကြီး Patty Hajdu ၏ တရုတ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် ပတ်သက်၍ တိကျမှန်ကန် စွာ ဝေဖန်သုံးသပ် ခဲ့သည့် အပေါ် ချီးမွမ်းလိုပြီး တရုတ် နိုင်ငံ အနေဖြင့် ကနေဒါ နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် အတူတကွ ကမ္ဘာ့ကပ်ရောဂါ အမြန်ဆုံး တိုက်ဖျက်နိုင်ရန် အတွက် ဆက်လက်ဆောင်ရွက်ပေးသွားလိုကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က စက်တင်ဘာ ၁၈ ရက် ၌ ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

ဝမ်းဝန်ပင်း က COVID-19 စတင် ဖြစ်ပွားချိန် မှ စ၍ တရုတ် နိုင်ငံ အနေဖြင့် ပွင့်လင်းမြင်သာ ပြီး တာဝန်သိသည့် သဘောဖြင့်  နိုင်ငံတကာ ကျန်းမာရေး သတ်မှတ်ချက် ကို လိုက်နာဆောင်ရွက် ခဲ့ကာ နိုင်ငံတကာ ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်း တွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကပ်ရောဂါ စတင် ဖြစ်ပွားခဲ့ချိန် တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အား ချက်ချင်း အကြောင်းကြား ခဲ့ပြီး ရောဂါပိုး ၏ မျိုးရိုးဗီဇ အစီအစဉ် ကို ထုတ်ပြန်ကြေညာ ခဲ့ကြောင်း ၊ တစ်ချိန်တည်း တွင်လည်း တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း အား ရောဂါ ကုသမှု နှင့် ကာကွယ်ထိန်းချုပ်မှု နည်းလမ်းများကို မျှဝေပေးခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများအား ကပ်ရောဂါ နှင့် ပတ်သက်သော အချက်အလက် နှင့် ကာကွယ်ထိန်းချုပ်မှု အတွေ့အကြုံများကို မျှဝေပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ပြည်သူလူထု အား ခိုင်မြဲစွာ ဦးစားပေး ခဲ့ပြီး လူ့အသက်ကိုသာ အဓိက ထားခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ခြင်း ကို ခိုင်မြဲစွာ ထောက်ခံခဲ့ပြီး တရုတ် နိုင်ငံ ၏ ဆောင်ရွက်မှုများ က အချိန်ကာလ နှင့် သမိုင်း ၏ စစ်ဆေးမှု ကို ခံယူနိုင်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်းဝန်ပင်း ကပ်ရောဂါဖြစ်ပွား ခဲ့ပြီးနောက် တွင် တရုတ် နိုင်ငံ နှင့် ကနေဒါ နိုင်ငံ တို့က ကပ်ရောဂါ တိုက်ဖျက်ရာတွင် အခက်အခဲ ကြုံတွေ့ချိန် ၌ အပြန်အလှန် ထောက်ခံအားပေး ခဲ့ပြီး ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှု ကို ထိန်းသိမ်းထားခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီး နှင့် အတူတကွ ကပ်ရောဂါ တိုက်ဖျက်ရေး စစ်ပွဲ တွင် တက်ကြွစွာ ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.