Connect with us

Politics, Law & Military

တရုတ် နိုင်ငံ က တောင်ဆူဒန် နိုင်ငံ အား အရေးပေါ် စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေး

တရုတ် နိုင်ငံ မှ တောင်ဆူဒန် နိုင်ငံ သို့ အရေးပေါ် စားနပ်ရိက္ခာ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

နိုင်ရိုဘီ ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ မှ တောင်ဆူဒန် နိုင်ငံ အား ကူညီထောက်ပံ့ပေး သည့် အရေးပေါ် စားနပ်ရိက္ခာ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား ကို စက်တင်ဘာ ၁၇ ရက် ၌ တောင်ဆူဒန် နိုင်ငံ မြို့တော် ဂျူဘာ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား တွင် တောင်ဆူဒန် နိုင်ငံ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကိစ္စရပ် နှင့် သဘာဝဘေး စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဝန်ကြီး Peter Mayen Majongdit က တောင်ဆူဒန် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု ကိုယ်စား တရုတ် နိုင်ငံ အစိုးရ က တောင်ဆူဒန် နိုင်ငံ အား လိုအပ်နေချိန်တွင် အချိန်မီ တန်ဖိုးကြီးမားသော စားနပ်ရိက္ခာ ထောက်ပံ့ခဲ့သည့် အပေါ် ကျေးဇူးတင်လိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် တောင်ဆူဒန် နိုင်ငံ အပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ခဲ့ပြီး တောင်ဆူဒန် နိုင်ငံ အခြေခံ အဆောက်အဦး တည်ဆောက်ရေး တွင်လည်း တက်ကြွစွာ ကူညီပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တောင်ဆူဒန် နိုင်ငံ အား ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုများကိုလည်း ပေးအပ် ခဲ့ပြီး လက်တွေ့ဆောင်ရွက်မှု ဖြင့် တောင်ဆူဒန် နိုင်ငံ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထောက်ခံပေးခဲ့ကြောင်း ၊ ရှေ့ဆက်၍ တောင်ဆူဒန် နှင့် တရုတ် နိုင်ငံ အကြား ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုမြှင့်တင်သွားနိုင်ပြီး နှစ်နိုင်ငံ ပြည်သူလူထု ကို ပိုမို အကျိုး ဖြစ်ထွန်းစေလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ မှ တောင်ဆူဒန် နိုင်ငံ သို့ အရေးပေါ် စားနပ်ရိက္ခာ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ တောင်ဆူဒန် နိုင်ငံ သို့ အရေးပေါ် စားနပ်ရိက္ခာ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)
တောင်ဆူဒန် နိုင်ငံ သဘာဝဘေးကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး ကော်မတီ ဥက္ကဋ္ဌ Manasseh Lomole က တရုတ် နိုင်ငံ ၏ ယခု အကြိမ် ကူညီထောက်ပံ့မှုသည် လွန်စွာ တန်ဖိုးရှိပြီး တောင်ဆူဒန် နိုင်ငံ ပြည်သူလူထု အခက်အခဲ ဖြတ်ကျော်ရန် အတွက် လွန်စွာ အထောက်အကူ ဖြစ်စေကြောင်း ၊ တရုတ် နိုင်ငံ ၏ အချိန်မီ အားကောင်းသော ကူညီထောက်ပံ့မှု သည် နှစ်နိုင်ငံ အကြား ခိုင်မြဲသည့် ချစ်ကြည်ရေး နှင့် နက်ရှိုင်းသည့် ညီအစ်ကို သံယောဇဉ် ကို ပေါ်လွင် စေခဲ့ကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ လမ်းညွှန်မှု အောက်တွင် နှစ်နိုင်ငံ ချစ်ကြည်ရေး က ပိုမိုခိုင်မြဲလာမည် ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု က ပိုမိုနီးကပ်လာမည် ဖြစ်ကာ နှစ်နိုင်ငံ ပြည်သူလူထုအကြား ချစ်ကြည်ရေး က အဆက်မပြတ် သမိုင်းသွင်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တောင်ဆူဒန် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟွာနင် က လက်ရှိချိန် တွင် နိုင်ငံတကာ ၌ ရေနံဈေးနှုန်းကျဆင်းမှု ၊ COVID-19 ရောဂါ ဖြစ်ပွားမှု နှင့် အမျိုးမျိုးသော သဘာဝဘေး တို့ကြောင့် တောင်ဆူဒန် နိုင်ငံ ၏ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အန္တရာယ် က ပိုမိုဆိုးရွားလာခဲ့ကြောင်း ၊ တောင်ဆူဒန် နိုင်ငံ ၏ တစ်ဝက်ကျော်သော ပြည်သူလူထု တို့ က စားနပ်ရိက္ခာ အန္တရာယ် နှင့် ဆိုးရွားစွာ ရင်ဆိုင်နေရပြီး တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့ က လွန်စွာ အလေးထားစောင့်ကြည့် ခဲ့ကာ ထပ်တူခံစားခဲ့ရကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလိုပြီး တောင်ဆူဒန် နိုင်ငံ ပြည်သူလူထု တို့၏ အလွန်ခက်ခဲနေသည့် အခြေအနေ ကို ဖြေရှင်းပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် သံအမတ်ကြီး ဟွာနင် က စားနပ်ရိက္ခာ အန္တရာယ် နှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခက်အခဲ ကို ဖြေရှင်းရာ တွင် အနီးကပ်ဆုံးသော နည်းလမ်း က ထာဝရ ငြိမ်းချမ်းရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို အကောင်အထည် ဖော်ရမည် ဖြစ်ကြောင်း ၊ တောင်ဆူဒန် နိုင်ငံ အနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများကို အမြန်ဆုံး ဖြေရှင်းသွားပြီး ပြည်သူလူထု ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး ကို အကောင်အထည် ဖော်သွားစေလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တောင်ဆူဒန် နိုင်ငံ သက်ဆိုင်ရာ အသီးသီး နှင့် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် အတူတကွ တောင်ဆူဒန် နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)