Connect with us

Politics, Law & Military

တရုတ် ထိပ်တန်းနိုင်ငံရေးအကြံပေးက ထိုင်ဝမ် ရေလက်ကြားဖြတ်ကျော်ပြည်သူများ ချိတ်ဆက်ဆောင်ရွက်မှုကို အလွန်စိတ်အားထက်သန်ကြောင်း ဖိုရမ်ဖွင့်ပွဲတွင် ပြောကြား

ကြိမ်မြောက် ရေလက်ကြားဖိုရမ် အခမ်းအနားသို့ ဗီဒီယိုလင့်မှတစ်ဆင့် တက်ရောက်နေသော တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ (CPC) နိုင်ငံရေးပေါ်လစ်ဗျူရိုအမြဲတမ်းအဖွဲ့ဝင် ဝမ်းယန် ( Wang Yang) အား တွေ့ရစဉ်(ဆင်ဟွာ)

ရှီမန်း ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံထိပ်တန်း နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဝမ်းယန်(Wang Yang) က ဖူကျင့်ပြည်နယ်(Fujian) ပြည်နယ် ရှီမန်း ဆိပ်ကမ်းမြို့၌ ကျင်းပသည့် ၁၂ ကြိမ်မြောက် ရေလက်ကြားဖိုရမ် အခမ်းအနားသို့ ဗီဒီယိုလင့်မှတစ်ဆင့် စက်တင်ဘာ ၂၀ ရက်တွင် ပါဝင် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) နိုင်ငံရေးပေါ်လစ်ဗျူရိုအမြဲတမ်းအဖွဲ့ဝင် နှင့် တရုတ်ပြည်သူ့နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုညီလာခံ အမျိုးသားကော်မတီ၏ ဥက္ကဌ ဖြစ်သူ ဝမ်းယန်က ထိုင်ဝမ်မှ အချို့သောဟန့်တားပိတ်ဆို့မှု နှင့် COVID-19 ရောဂါဖြစ်ပွားနေလင့်ကစား ဖိုရမ်အား အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဖိုရမ်ဖွင့်ပွဲ နှင့် ထိုင်ဝမ်မှ အရေအတွက်များစွာသော ပါဝင် တက်ရောက်ခဲ့ကြသူများသည် ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ပြည်သူများအနေဖြင့် ချိတ်ဆက်ရန်အတွက် စစ်မှန်သော ရိုးသားဖြောင့်မတ်မှု နှင့် ခိုင်မာမှုတစ်ခု ရှိသည်ကို အပြည့်အဝ ဖော်ညွှန်းနေကြောင်း နှင့် ယင်းအား မည်သည့်အင်အားစုကမျှ ရပ်တံ့ပစ်နိုင်မည်မဟုတ်ကြောင်း ဝမ်က ဆိုသည်။

ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးသည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ဖွံ့ဖြိုးတိုက်တက်လာခဲ့ပြီး အပြန်အလှန်ဖလှယ်ခြင်းမှ နှစ်ဖက်စလုံးအကျိုးဖြစ်ထွန်းခဲ့ကြောင်း ၊ သို့သော် အထီးကျန်မှုကြောင့် ထိခိုက်နာကျင်ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟောင်ကောင်မှ အချို့သောအင်အားစုများသည် ရေလက်ကြားဖြတ်ကျော် ချိတ်ဆက်ဆောင်ရွက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို တုံ့ဆိုင်းနှေးကွေးအောင် ကြိုးပမ်းလုပ်ဆောင်နေပြီး ယင်းမှာ ထိုင်ဝမ်အား မည်သည့်အရာကိုမျှ ဆောင်ကြဉ်းနိုင်လိမ့်မည်မဟုတ်ဘဲ ထိခိုက်နာကျင်စေမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မည်သည့်နေရာမှ မရောက်သည့်လမ်းတစ်ခု “ထိုင်ဝမ်လွတ်လပ်ရေး” ဆိုသည်မှာ ထိုင်ဝမ်အား သီးခံ၍မရနိုင်သော အန္တရာယ်ကိုသာ ယူဆောင်ပေးလိမ့်မည်ဖြစ်ကြောင်း ဝမ်ကဆိုသည်။ “ တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာ ၊ လုံခြုံရေး နဲ့အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဘယ်လိုဖျက်ဆီးမှုမျိုးကိုမဆို ကျွန်တော်တို့သီးခံနေမှာမဟုတ်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပြည်မကြီးအနေဖြင့် ၁၉၉၂ ခုနှစ် သဘောတူညီချက်ကို အခြေခံ၍ ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင်ကြောင်း နှင့် အဖွဲ့အစည်းလိုက် စီမံဆောင်ရွက်မှုများ ၊ မူဝါဒများ နှင့် ထိုင်ဝမ်တစ်နယ်တည်းသားအကျိုးဖြစ်ထွန်းစေရန် လုပ်ဆောင်မှုများကို ဆက်လက် တွန်းအားပေးသွားရမည်ဖြစ်ကြောင်း ဝမ်ကဆိုသည်။ရေလက်ကြား တစ်ဖက်တစ်ချက်ရှိ ပြည်သူနှစ်ဖက်စလုံးအနေဖြင့် အမျိုးသားပြည်လည်ပေါင်းစည်းရေး သမိုင်းဝင် တာဝန်ဝတ္တရားများကို ပူးတွဲ ထမ်းဆောင်သွားနိုင်ရန် နှင့် ကြီးမားသော အမျိုးသားပြန်လည်သွေးသစ်လောင်းမှု ရှေ့ဆက်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)