Connect with us

Politics, Law & Military

တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးအတွက် အခွင့်အလမ်းများအား တရုတ်သမ္မတ ရှီကျင့်ဖိန် ကြိုဆို

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ အဗ္ဗဒူလ် ဟာမစ်တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

ဒါကာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ အဗ္ဗဒူလ် ဟာမစ်နှင့် အောက်တိုဘာလ ၁၄ ရက်က တွေ့ဆုံစဉ် တရုတ်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အဓိက အခွင့်အလမ်းများအား ကြိုဆို ပြောကြားလိုက်သည်။

နှစ်နိုင်ငံ ဆက်ဆံရေးအား အဆင့်သစ်တစ်ခုသို့ တိုးမြှင့်ကာ ပူူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် တိုးမြှင့်ရန် နှစ်နိုင်ငံ သမ္မတများက ဆုံးဖြတ်ခဲ့ကြသည်။

နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ တိုးတက်ရေးနှင့် အဓိက နယ်ပယ်များ၌ စီမံကိန်းများစွာ ရှေ့ဆက် အကောင်အထည်ဖော်ရေး တက်ကြွစွာတွန်းအားပေးသွားရန် သဘောတူခဲ့ကြသည်။

ထို့ပြင် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း မူဘောင်အတိုင်း တည်ဆောက်ရေး စီမံကိန်းများ လုပ်ဆောင်ရန်နှင့် ကွန်ရက် ချိတ်ဆက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှု ရရှိရေးအတွက် လုပ်ဆောင်ကြရန် ကတိပြုခဲ့ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအတွက် ၂၀၃၀ စီမံကိန်းအား အကောင်အထည်ဖော်ရေး၊ ကမ္ဘာ့ တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ရှေ့ဆက်တွန်းအားပေးရေး စသည်များအား တရုတ် သမ္မတ ရှီက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တောင်အာရှနှင့် အိန္ဒိယ သမုဒ္ဒရာဒေသတွင် အရေးပါသည့် နိုင်ငံဖြစ်ကြောင်းနှင့် လူဦးရေး ထူထပ်သည့် နိုင်ငံဖြစ်ကြောင်း ရှှီက ဆိုသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်အား ဘင်္ဂလားဒေ့ရှ် ပြည်သူများက မျှော်လင့်ချက်များစွာ ထားရှိပါကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ အဗ္ဗဒူလ် ဟာမစ်က ပြောသည်။

သာတူညီမျှမှု၊ အပြန်အလှန် လေးစားမှုများ အခြေခံထားသော နှစ်နိုင်ငံ ဆက်ဆံရေးသည် ရှည်လျားသည့် သမိုင်းကြောင်းနှင့် အခွင့်အလမ်းသစ်များ ဖွင့်လှစ်ထားကြောင်း၊ သမ္မတ ရှီ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ခြင်းနှင့်အတူ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူမြောက် မိတ်ဖက် ဖြစ်လာမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သမ္မတ ဟာမစ်က ပြောကြားခဲ့သည်။

အလားတူ ဖွံ့ဖြိုးမှု ရည်မှန်းချက်များနှင့်အတူ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်နှင့် အခြေခံ အဆောက်အအုံ စသည့် နယ်ပယ်များတွင် ကြီးမားသည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများစွာ ရှိကြောင်းလည်း ဟာမစ်က ဆိုသည်။

တရုတ် သမ္မတ ရှီသည် နှစ်ပေါင်း ၃၀ အတွင်း တရုတ်နိုင်ငံ၏ ခေါင်းဆောင် တစ်ဦအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာသို့ အောက်တိုဘာလ ၁၄ ရက် အစောပိုင်းက ရောက်ရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံပြီးနောက် ရှီ၏ ခရီးစဉ် ဒုတိယမြောက် နေရာဖြစ်သည်။ ထို့နောက် ရှီသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ ပါဝင်သည့် BRICS ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ်သို့ သွားရောက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.