Connect with us

Politics, Law & Military

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေး သမိုင်းဝင်ခရီးစဉ် အဖြစ် တရုတ်နိုင်ငံသို့ရောက်ရှိလာ

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေး အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးသည် ၄ ရက်ကြာ သမိုင်းဝင်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့သို့အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက ရောက်ရှိလာကြောင်း သိရသည်။

သမ္မတဒူတာတေးသည် ပြီးခဲ့သော ဇွန်လတွင် ဖိလစ်ပိုင်နိုင်ငံသမ္မတဖြစ်လာပြီးနောက် အာဆီယံပြင်ပနိုင်ငံတစ်နိုင်ငံအဖြစ် လက်တလောဖိလစ်ပိုင်နိုင်ငံနှင့် ဆက်ဆံရေး မပြေမလည်ဖြစ်နေသည့် တရုတ်နိုင်ငံကို ရွေးချယ်၍ ပထမဆုံး လာရောက်လည်ပတ်ခြင်းဖြစ်သည်။ တရုတ်နှင့်ဖိလစ်ပိုင်နိုင်ငံတို့သည် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဘမ်နီနိုအကွီနိုIII လက်ထက်တွင် ပေါ်ပေါက်ခဲ့သော တောင်တရုတ်ပင်လယ်အငြင်းပွားမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး ကျဆင်းလျက်ရှိနေခဲ့သည်။

ဖိလစ်ပိုင်သမ္မတသည် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ၊ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် လွှတ်တော်ဥက္ကဋ္ဌ ကျန်းတယ်ကျန်း(Zhang Dejiang) တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

“ ဒါဟာသမိုင်းဝင် ခရီးစဉ်တစ်ခု နဲ့အခွင့်အလမ်း လက်ဆောင်ကောင်းတစ်ခုပါ။ တရုတ် နဲ့ဖိလစ်ပိုင် နှစ်နိုင်ငံအကြားဆက်ဆံရေးအတွက် ပိုပြီး အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတွေ နဲ့ သစ်လွင်လတ်ဆတ်မှုတွေကို အစပြု ရမယ့် ခရီးစဉ်ပါပဲ” ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အောက်တိုဘာလ ၁၇ ရက် အစောပိုင်းက ပြောကြားခဲ့သည်။

တရုတ် နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု နှင့် တွေ့ဆုံဆွေးနွေးရေးအသံများကို ထောက်ခံအားပေးရန် နှင့် နှစ်နိုင်ငံဆက်ဆံရေးတွန်းအားပေးရန် သမ္မတဒူတာတေး၏ ကတိကဝတ်များကို ကြိုဆိုကြောင်း ဝမ်ရိ ကဆိုသည်။ တရုတ်နိုင်ငံအလည်အပတ် ခရီးစဉ်သည် ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား နှင့် ပြည်သူတို့၏ဆန္ဒအရ ဖြစ်ကြောင်း ဒူတာတေးက ဆိုသည်။

တရုတ်-ဖိလစ်ပိုင်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မာစေမည့် နည်းလမ်းကို မည်သည့်နိုင်ငံကမျှ အင်အားသုံးလုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့်ချစ်ကြည်ရင်းနှီးမှုအတွက် တရုတ်နိုင်ငံက အသင့်လက်ကမ်းကြိုဆိုလျက်ရှိကြောင်း ဝမ်ရိက ဖြည့်စွက်ပြောကြားခဲ့သည်။

လာမည့်ဆွေးနွေးပွဲများတွင် တရုတ်-ဖိလစ်ပိုင်နှစ်နိုင်ငံ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ၊ အခြေခံအဆောက်အအုံ နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကိစ္စရပ်များကို ဆွေးနွေးသွားရန် မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံတကာလေ့လာရေးသိပ္ပံ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Ruan Zongze က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117