Connect with us

Politics, Law & Military

သမ္မတရှီက တရုတ်-လက်တင်အမေရိက စီးပွားရေးဆိုင်ရာ ထိပ်သီးညီလာခံ ဖွင့်လှစ်ခြင်းအား ဂုဏ်ပြုပြောကြား

တရုတ်သမ္မတ ရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ရှီးကျားကျွမ်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဟူဘေးပြည်နယ် Tangshan မြို့၌ အောက်တိုဘာ ၁၄ရက်တွင် စတင်ကျင်းပသော ၁၀ကြိမ်မြောက် တရုတ်-လက်တင်အမေရိက စီးပွားရေးဆိုင်ရာ ထိပ်သီးညီလာခံ သို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

သဝဏ်လွှာ၌ ရှီက ထိပ်သီးညီလာခံသည် စီးပွားရေးလုပ်ငန်းများအကြား ဆက်သွယ်ရေး မြှင့်တင်ဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံ နှင့် လက်တင်အမေရိကနိုင်ငံများ အကြား စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာရန် ကူညီပေးနိုင်မည့်အပြင် တရုတ်-လက်တင်အမေရိက ဆက်ဆံရေးကို လည်း တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရှီက တရုတ်-လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်မှု ကိစ္စများသည် အဆင်ပြေချောမွေ့နေပြီး နှစ်ဘက်စလုံးသည် သာတူညီမျှမှု၊ ဘုံအကျိုးရလဒ်ဖြစ်ထွန်းမှု နှင့် တူညီသော ဖွံ့ဖြိုးတိုးတက်မှုတို့ပါဝင်သည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်းဆောင်ရွက်များပြုလုပ်ရန် သဘောတူပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ က ထိပ်သီးညီလာခံသည် ပူးပေါင်းဆောင်ရွက်မှုများ နှင့် တူညီသော ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များ ကို အဆင်ပြေချောမွေ့စေပြီး တရုတ်နိုင်ငံသားများ နှင့် လက်တင်အမေရိကမှ ပြည်သူများအတွက် ကောင်းကျုးိများ ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)