Politics, Law & Military
တရုတ်-အမေရိကန် အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲ ဖွင့်ပွဲတွင် သမ္မတရှီကျင့်ဖိန် မိန့်ခွန်း ပြောကြား

ပေကျင်း ၊ ဇွန် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန်လ ၆ ရက် (ယနေ့) တွင် စတင် ကျင်းပသည့် (၇) ကြိမ်မြောက် တရုတ်- အမေရိကန် နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ၏ ပြည်သူအချင်းချင်းကြား အပြန်အလှန် ပူးပေါင်း ဖလှယ်ရေး (CPE) ဆွေးနွေးပွဲ ၊ စီးပွားရေး ဆိုင်ရာဆွေးနွေးပွဲ (S&ED) နှင့် (၈) ကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာ ဆွေးနွေးပွဲများ၏ ပူးတွဲဖွင့်ပွဲ အခမ်းအနားတွင် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့သည်။
နှစ်ရက်ကြာ ကျင်းပမည့် ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့မှ အဆင့်မြင့် အရာရှိကြီးများသည် နှစ်နိုင်ငံ ဆက်ဆံရေး ၊ လက်တွေ့အကျိုးဖြစ်ထွန်းမည့် ပူးပေါင်း ဆောင်ရွက်မှုများ နက်ရှိုင်းစွာ ပြုလုပ်ရေး နှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများနှင့် ထိလွယ်ရှလွယ်သည့် ကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံစလုံးနှင့်သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးသွားမည်ြ ဖစ်ကြောင်း သိရသည်။ (Xinhua)