Connect with us

Politics, Law & Military

ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ခေါင်းဆောင်များ ဖြစ်ကြသည့် ရှီကျင့်ဖိန် နှင့် မာယင်းကျုံ တို့ ယနေ့ စင်ကာပူ နိုင်ငံတွင် တွေဆုံကြမည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် ထိုင်ဝမ်ဒေသ ခေါင်းဆောင် မာယင်းကျုံ တို့အား တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ခေါင်းဆောင်များ ဖြစ်ကြသည့် ရှီကျင့်ဖိန် နှင့် မာယင်းကျုံ (Ma Yingjeou) တို့သည် နိုဝင်ဘာ ၇ ရက်နေ့ တွင် စင်ကာပူ နိုင်ငံ ဒေသ စံတော်ချိန် နေ့လည် ၃ နာရီတွင် စင်ကာပူရှိ Shangri-La ဟိုတယ် ၌ တွေ့ဆုံ ဆွေးနွေး ကြမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ယခု အကြိမ် ပြုလုပ် ခဲ့သည့် ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲသည် ၁၉၄၉ ခုနှစ် နောက်ပိုင်းတွင် ပထမ ဆုံးအကြိမ် နှစ်ဘက် ခေါင်းဆောင်များ ပြန်လည် တွေ့ဆုံခြင်း ဖြစ်ပြီး နှစ်ဘက်ဒေသ ဆက်ဆံရေး အတွက် သမိုင်းတွင်စေမည့် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခု ဖြစ်ခဲ့သည်။

ယခု တွေ့ဆုံ ဆွေးနွေးပွဲ အား နိုင်ငံတကာမှ အထူး စိတ်ဝင်စား လျက်ရှိပြီး သတင်းဌာန အသီးသီး မှ သတင်းထောက်ပေါင်း ၆၂၀ ဦးကျော် တက်ရောက်ကြမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.