Connect with us

Politics, Law & Military

တရုတ်၊ စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေးနှင့် လွတ်လပ်သော ကုန်သွယ်ဒေသ အဆင့်မြှင့်တင်ရေး သဘောတူ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် စင်ကာပူနိုင်ငံ သမ္မတတိုနီကန်ယမ် တို့ နိုဝင်ဘာလ ၆ ရက်က ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေစဉ် (ဆင်ဟွာ)

စင်ကာပူ၊ နိုဝင်ဘာလ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ စင်ကာပူနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးအား နယ်ပယ်စုံတွင် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်အဖြစ် လုပ်ဆောင်သွားရန် နိုဝင်ဘာလ ၆ ရက်က သဘောတူခဲ့ကြသည်။

ထို့ပြင် ၇ နှစ် သက်တမ်းရှိသော လွတ်လပ်သော ကုန်သွယ်ဒေသ (FTA) အား အဆင့်မြှင့်တင်ခြင်း အတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားရန် လည်း ဆုံးဖြတ်ခဲ့သည်။ယင်းဆုံးဖြတ်ချက်များအား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် စင်ကာပူနိုင်ငံ သမ္မတတိုနီကန်ယမ်တို့ နှစ်ဦး တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ကြေညာခဲ့ခြင်း ဖြစ်သည်။

၎င်း ခရီးစဉ်မှာ ရှီ အနေနှင့် တရုတ်နိုင်ငံ သမ္မတ အဖြစ် စင်ကာပူနိုင်ငံသို့ ပထမဆုံး ရောက်ရှိခြင်းလည်း ဖြစ်သလို ယခုနှစ်သည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် အချိန်အခါလည်း ဖြစ်သည်။

တရုတ်နိုင်ငံ အနေဖြင့် စင်ကာပူနိုင်ငံ နှင့် နီးကပ်စွာ ပူးတွဲလုပ်ကိုင်ရန် နှင့် နှစ်နိုင်ငံ ဆက်ဆံရေးအား ကဏ္ဍသစ်သို့ တိုးမြှင့်နိုင်ရန် အရှိန်အဟုန်ဖြင့် အမိအရ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ရှီက ပြောကြားလိုက်သည်။

နှစ်နိုင်ငံလုံး အနေဖြင့် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများ အတွက် အနေအထား သစ်များ လုပ် ဆောင်ရန် နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှိ Chongqing မြို့ အား လုပ်ငန်းလည်ပတ်မှု စင်တာ အဖြစ်ထား ၍ အစိုးရအချင်းချင်း တတိယမြောက် စီမံကိန်း တည်ဆောက်ခြင်းအား ရှေ့ဆက် တွန်းအားပေးရန် အတွက် လည်း ရှီက ပြောကြားခဲ့သည်။ထို့ပြင် ရှီက တရုတ်နှင့် စင်ကာပူနိုင်ငံ အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများတွင် ခိုင်မာစွာ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံ အနေဖြင့် ယခုနှစ်တွင် တရုတ်-အာဆီယံ ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူး နိုင်ငံအဖြစ် လုပ်ကိုင်နေ သည့်အတွက် တရုတ်နှင့် အာဆီယံ ၁၀ နိုင်ငံကြား ဘုံအသိုင်းအဝန်း တစ်ခုတည်ဆောက်ရေးအတွက် စင်ကာပူ နှင့် လက်တွဲ၍ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်းလည်း ရှီက ပြောသည်။
တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးမှုလမ်းကြောင်း နှင့် အိမ်နီးချင်းကောင်း မူဝါဒအကြောင်း ရှီက ထပ်တလဲလဲ ပြောကြားခဲ့သလို စင်ကာပူ နှင့် အခြား အာဆီယံနိုင်ငံများ နှင့်အတူ ဘုံဖွံ့ဖြိုးမှု အောင်မြင်နိုင်ရန် တရုတ်နိုင်ငံမှ ဆန္ဒရှိကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

စင်ကာပူ နိုင်ငံ သမ္မတ တန်ကလည်း တရုတ်နိုင်ငံ သမ္မတ၏ ခရီးစဉ်သည် စင်ကာပူ-တရုတ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုအား ကဏ္ဍသစ်သို့ တိုးမြှင့်ပေးနိုင် မည်ဖြစ်ကြောင်း ပြောခဲ့သည်။ နှစ်နိုင်ငံ ရှိပြီးသား အစိုးရချင်း စီမံချက် နှစ်ခု၏ အောင်မြင်မှု၊ Chongqing တွင် ပြုလုပ်မည့် တတိယမြောက် စီမံကိန်းအား အရှိန်မြှင့် အကောင်အထည် ဖော်ရန်လည်း ဆွေးနွေးခဲ့သည်။
Chongqing စီမံကိန်းသည် ၂၀၁၃ ခုနှစ်က သမ္မတ ရှီ အဆိုပြုထားသည့် ခေတ်သစ်ပိုးလမ်းမကြီးအား အထောက်အပံ့ပေးနိုင်လိမ့်မည် ဖြစ်ပြီး လာမည့် ၂၅ နှစ်အတွင်း ၎င်းစီမံကိန်းအားဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ်သို့ တက်လှမ်းရာတွင် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း တန်က ပြောသည်။
လက်ရှိတွင် တရုတ်နှင့် စင်ကာပူ နှစ်နိုင်ငံ အစိုးရချင်း လုပ်ဆောင်နေသော စီမံကိန်းများမှာ ၁၉၉၄ ခုနှစ်တွင် တည်ထောင်ထားသော တရုတ်နိုင်ငံ အရှေ့ဘက် ကျန်းစု ပြည်နယ်ရှိ ရှုကျိုး စက်မှုဥယျာဉ်နှင့် ၂၀၀၈ ခုနှစ်တွင် ကြေညာခဲ့သော တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်း ဆိပ်ကမ်းမြို့ မြောက်ဘက်ရှိ ထျန်းကျင်း စီးပွားရေးမြို့ စသည်တို့ ဖြစ်သည်။
လွတ်လပ်သော ကုန်သွယ်ဒေသ အဆင့်မြှင့်တင်ခြင်းသည် ဒေသဆိုင်ရာ ကျယ်ပြန့်သော စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု( RCEP) အစရှိသော ဒေသတွင်း စီးပွားရေး မူဘောင်များတွင် နှစ်နိုင်ငံ ပါဝင်ခြင်းအတွက် ရှေ့ ဆောင်လမ်းပြဖြစ်သလို အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ဒေသ မြှင့်တင်ခြင်းလည်း ဖြစ်သည်။
တရုတ် အကောက်ခွန် ဋ္ဌာန စာရင်းများအရ တရုတ်နိုင်ငံသည် စင်ကာပူနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၉.၇၄ ဘီလီယံ ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117