Connect with us

Politics, Law & Military

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ပြောရေးဆို ခွင့်ရှိသူ မှ မြန်မာ နိုင်ငံ ၌ ဒုတိယ ကမ္ဘာစစ် အတွင်း ကျဆုံး ခဲ့သည့် တရုတ် နိုင်ငံ မှ စစ်သားများ အရိုးပြာ ရွေ့ပြောင်းခြင်း နှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်

မြန်မာ နိုင်ငံ ၌ ဒုတိယ ကမ္ဘာစစ် အတွင်း ကျဆုံး ခဲ့သည့် တရုတ် နိုင်ငံ မှ စစ်သားများ ၏ ကျန်ရစ်သူ ဆွေမျိုးတစ်ဦးက မြစ်ကြီးနား တရုတ် သင်္ချိုင်းတွင် ကန်တော့နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ပြောရေး ဆိုခွင့်ရှိသူ မှ မြန်မာ နိုင်ငံ တွင် ဒုတိယ ကမ္ဘာစစ် အတွင်း ဖက်ဆစ် ဂျပန် အား တော်လှန်ရန် စေလွှတ်ခဲ့သည့် တရုတ် နိုင်ငံ ပြည်ပ စေလွှတ် စစ်မှုထမ်းများ (Chinese Expeditionary Force ) ၏ အရိုးပြာ ကို တရုတ် နိုင်ငံ သို့ ရွှေ့ ပြောင်းရေး နှင့် ပတ်သက်၍ ဆောင်ရွက်သည့် တရုတ် နိုင်ငံ မှ ဖောင်ဒေးရှင်း တစ်ခု နှင့် မြန်မာ နိုင်ငံ ရှိ တရုတ် လူမျိုးများအကြား အဆင်မပြေမှု များဖြစ်ပွား ခဲ့သည့် အတွက် စိတ်မကောင်းခြင်း ဖြစ်ခဲ့ရကြောင်း ကို ယနေ့တွင် ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဖောင်ဒေးရှင်း တစ်ခု မှ တရုတ် လူမျိုး စစ်သား အရိုးပြာအိုး များ အမိမြေသို့ ပြန်လည် ပိုဆောင်ရေးအတွက် တက်ကြွစွာ ဆောင်ရွက် ခဲ့ရာ တွင် မြန်မာ နိုင်ငံ ရှိ တရုတ် လူမျိုး အချို့မှ သဘောထား ကွဲလွဲမှု များ ဖြစ်ပွားခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး နှင့် မန္တလေး အခြေစိုက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် ကောင်စစ်ဝန်ရုံး တို့မှ ယခုကဲ့တို့ သဘောထား ကွဲလွဲမှု ဖြစ်ပွားခဲ့ခြင်းအပေါ် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပြီး မြန်မာ နိုင်ငံ သက်ဆိုင်ရာ အစိုးရ ဌာန များနှင့် ညှိနှိုင်းဆောင်ရွက် ကာ သူရဲကောင်း များ၏ အရိုးပြာ များအား ရွှေ့ပြောင်းမှု အဆင်ပြေစေရန် ဆောင်ရွက် နေကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပြောရေး ဆိုခွင့်ရှိသူမှ တရုတ် သံရုံး အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ၏ ချစ်ကြည်ရေး အသင်း များမှ ယခု ကိစ္စရပ် အပေါ် ဂရုစိုက်မှု နှင့် အားပေး ထောက်ပံ့မှု များ ပြုလုပ် ခဲ့သည် အပေါ် ကျေးဇူး တင်ရှိကြောင်း ၊ သို့သော် အချို့ တရုတ် လူမျိုး အသင်းအဖွဲ့ မှ အရိုးပြာအိုး များ ရွှေ့ပြောင်းရေး အစီအစဉ် အပေါ် ဆန့်ကျင် ဆောင်ရွက်နေမှု များကို လွန်စွာ စိတ်မကောင်း ဖြစ်ရကြောင်း ၊ ၎င်းတို့ အနေဖြင့် သက်ဆိုင်ရာ အစိုးရ ဌာန များ၏ ဦးဆောင် ညွှန်ကြားမှု အောက်တွင် အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်ကာ ယခု ဖြစ်ပွား ခဲ့သည့် ကိစ္စ ရပ်အား အတူတကွ ဖြေရှင်း သွားစေလိုကြောင်း ပြောကြား ခဲ့သည်။ (Xinhua)