Politics, Law & Military
လာမည့် ၁၅ နှစ်တာအတွင်း သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ထရီလီယံ မျှော်မှန်းကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြောကြား
ဒါနန်း၊ ဗီယက်နမ်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် လာမည့် ၁၅ နှစ်တာကာလအတွင်း အနည်းဆုံး သွင်းကုန် အမေရိကန်ဒေါ်လာ ၂၄ ထရီလီယံ ရှိလာမည်ဟု မျှော်မှန်းထားကြောင်း၊ ပြည်တွင်း တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ထရီလီယံ ဆွဲဆောင်ရန်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၂ ထရီလီယံ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖိန်က ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပသော ၂၅ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua)