Connect with us

Politics, Law & Military

အမေရိကန် သမ္မတ ထရမ့်၏ ချစ်ကြည်ရေးခရီးစဉ်သည် သမိုင်းတွင် အောင်မြင်မှုရှိကြောင်း တရုတ် သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ချစ်ကြည်ရေးခရီးစဉ်သည် “အောင်မြင်မှုရှိပြီး သမိုင်းတွင်သော” ခရီးဖြစ်ပြီး သမ္မတ နှစ်ဦး၏ အစည်းအဝေးများသည်လည်း “ဦးတည်ချက်အား ထောက်ပြခဲ့သလို နှစ်နိုင်ငံ ဆက်ဆံရေး အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်း တစ်ရပ် ချမှတ်နိုင်ခဲ့ကြောင်း” တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီသည် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးတွင် ထရမ့်နှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တရုတ် သမ္မတ ရှီနှင့် တွေ့ဆုံရာတွင် အမေရိကန် အစိုးရအနေဖြင့် တရုတ် တစ်နိုင်ငံတည်း မူဝါဒ (one-China Policy) အား လိုက်နာစောင့်ထိန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117