Politics, Law & Military
ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ အတည်ပြုပြဌာန်းမှုကို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကြိုဆို

ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ အတည်ပြုပြဌာန်းခြင်းအပေါ် ဟောင်ကောင်အစိုးရအနေဖြင့် ကြိုဆိုကြောင်း HKSAR အုပ်ချုပ်ရေးမှူး Carrie Lam က ယနေ့ (ဇွန် ၃၀ ရက်) ပြောကြားလိုက်သည်။
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေးဥပဒေအား ဇွန် ၃၀ ရက် အစောပိုင်းက ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ ၂၀ ကြိမ်မြောက်အစည်းအဝေး၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
NPC အမြဲတမ်းကော်မတီမှ ယင်းဥပဒေအတည်ပြုခြင်းကို ကြိုဆိုကြောင်း Lam က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့ပြီး အဆိုပါ ဥပဒေအား HKSAR အခြေခံဥပဒေ နောက်ဆက်တွဲ ၃ တွင် ပေါင်းစပ်ထည့်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
HKSAR အစိုးရအနေဖြင့် ယင်းဥပဒေကို ဟောင်ကောင်တွင် ဆောလျင်စွာ အကောင်အထည်ဖော်ရေးအတွက် အစိုးရပြန်တမ်းထုတ်ပြန်ရန် လိုအပ်သောလုပ်ငန်းစဉ်များကို ပြီးပြည့်စုံစေရန်လုပ်ဆောင်သွားမည်ဟု Lam က ဆိုသည်။ (Xinhua)