Connect with us

Politics, Law & Military

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် အမျိုးသားလုံခြုံရေးဥပဒေ အကောင်အထည်ဖော်ရေးအတွက် ဗဟိုအစိုးရက ထောက်ပံ့သွားမည်ဟု ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ ၂၀ ကြိမ်မြောက် အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဟောင်ကောင်နှင့် မကာအိုရေးရာရုံးက ဇွန် ၃၀ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အသစ်ပြဌာန်းလိုက်သော ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေကို အခိုင်အမာ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင်  ထိရောက်သော ဥပဒေစိုးမိုးမှုရှိစေရန် ဆက်စပ်သော ဥပဒေ အကောင်အထည်ဖော်ရေး လုပ်ဆောင်ရာ၌ အပြည့်အဝ ထောက်ပံ့ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပါရုံးက ကတိပြုခဲ့သည်။ 

ယင်းဥပဒေကို ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ ၂၀ ကြိမ်မြောက် အစည်းအဝေး၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117