Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ် နိုင်ငံ ပေကျင်း မြို့သို့ရောက်ရှိ လာပြီး နိုင်ငံတော် အဆင့်လည်ပတ်ရေး ခရီးစဉ် စတင်

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က တရုတ် နိုင်ငံ ပေကျင်း မြို့သို့ရောက်ရှိလာစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဖိတ်ကြားချက်အရ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် နိုဝင်ဘာ ၈ ရက်နေ့ မွန်းလွှဲပိုင်း အချိန်တွင် တရုတ် နိုင်ငံ ပေကျင်း မြို့သို့ ရောက်ရှိလာခဲ့ပြီး တရုတ် နိုင်ငံ သို့ နိုင်ငံတော် အဆင့် လည်ပတ်ရေး ခရီးစဉ် ကို စတင်ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ တရုတ် နိုင်ငံ လည်ပတ်ရေး ခရီးစဉ် သည် ယခု နှစ်အတွင်း အမေရိကန် နိုင်ငံ သမ္မတ က ပထမ ဦးဆုံး အကြိမ် တရုတ် နိုင်ငံ သို့ လာရောက်လည်ပတ်ခြင်း ဖြစ်ပြီး ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ အပြီးတွင် တရုတ် နိုင်ငံ မှ ဦးစွာ ကြိုဆိုခဲ့ရသည့် နိုင်ငံတော် အဆင့် လည်ပတ်ရေး ခရီးစဉ် ဖြစ်သည်။ ခရီးစဉ် အတွင်း နိုင်ငံတော် အဆင့် လည်ပတ်ရေး ခရီးစဉ် တွင် ပါဝင်သော လှုပ်ရှားမှုများ အားလုံးကို စီစဉ် ဆောင်ရွက်ထားပြီး နှစ်နိုင်ငံ သမ္မတ တို့၏ တရားဝင် စီစဉ်ထားခြင်း မဟုတ်သည့် ပူးပေါင်းလှုပ်ရှားမှု များလည်း ပါရှိကြောင်း သိရှိရသည်။

အမေရိကန် သမ္မတ ၏ တရုတ် နိုင်ငံ လည်ပတ်ရေး ခရီးစဉ် အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တို့မှ အတူတကွ စိတ်ဝင်စားသည့် အရေးကြီး ကိစ္စရပ် များနှင့် ပတ်သက်၍ မဟာဗျူဟာ ဆွေးနွေးမှု များကို ပြုလုပ်သွားမည် ဖြစ်ပြီး ယခင်တွေ့ဆုံမှု နှစ်ခု မှ ရရှိထားသည့် အခြေခံရလဒ် များမှ တစ်ဆင့် အရေးကြီး သဘောတူညီမှု များရရှိ အောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ အပြန်အလှန် နားလည်မှု နှင့် ချစ်ကြည်ရေး ကို ပိုမိုနက်ရှိုင်း အောင်ဆောင်ရွက်ပြီး ဘက်စုံဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေးဆောင်ရွက်ကာ ခေတ်သစ် တရုတ်-အမေရိကန် ဆက်ဆံရေး အတွက် လမ်းပြမြေပုံများကို ရေးဆွဲသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)