Connect with us

Politics, Law & Military

တရုတ် သမ္မတ ရှီက အမေရိကန် သမ္မတ ထရမ့်အား နန်းတော်ပြတိုက်တွင် နေ့လည်စာ လက်ဖက်ရည် တည်ခင်းဧည့်ခံ


ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်းလိယွမ်တို့သည် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အား ယနေ့ (နိုဝင်ဘာလ ၈ ရက်) နေ့လည်ပိုင်းတွင် နန်းတော်ပြတိုက်၌ ကြိုဆိုကာ နေ့လည်စာ လက်ဖက်ရည် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လာနီယာထရမ့် (Melania Trump) တို့သည် မြို့တော်ပေကျင်းသို့ ယနေ့ အစောပိုင်းတွင် ရောက်ရှိလာခဲ့သည်။နေ့လည်စာအား နန်းတော်ပြတိုက်၏ အနောက်တောင်ဘက်စွန်းတွင် ရှိသော Hall of Embodied Treasures ဟု လူသိများသော Baoyun အဆောက်အဦ၌ တည်ခင်းဧည့်ခံခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နန်းတော်ပြတိုက်သို့ လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး၊ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီးတို့အား တွေ့ရစဉ် (ဆင်ဟွာ)

Baoyun အဆောက်အဦအား ရှေးအင်ပါယာဘုရင်များ၏ နန်းတော်ဝင်းအတွင်း ၁၉၁၅ ခုနှစ်က အနောက်တိုင်း ပုံစံဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဆောက်အဦအား ရှေးဟောင်းပစ္စည်းများကို သိမ်းဆည်းရန်အတွက် အသုံးပြုခဲ့သော်လည်း ယခုတွင် ပြတိုက်သမိုင်းကြောင်းအတွက် ပြခန်းဆောင်အဖြစ် အသုံးပြုလျက်ရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117