Connect with us

Politics, Law & Military

APEC အစည်းအဝေးတက်ရန် ဗီယက်နမ်နိုင်ငံသို့ ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး သွားမည်

ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Lam Yuet-ngor အား တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးသည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသော ၂၁၀၇ ခုနှစ် အာရှ-ပစ်ဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်မည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးရုံးက နိုဝင်ဘာလ ၆ ရက်တွင် ကြေညာလိုက်သည်။

အုပ်ချုပ်ရေးမှူး Lam Yuet-ngor သည် ၂၀၁၇ ခုနှစ် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးနှင့် အခြား ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံ Da Nang မြို့သို့ နိုဝင်ဘာလ ၉ ရက်၌ သွားရောက်မည် ဖြစ်သည်။အစည်းအဝေးတက်ရောက်ရန် Lam နှင့်အတူ ဟောင်ကောင် ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွင်းရေးမှူး Edward Yau လည်း လိုက်ပါသွားမည် ဖြစ်သည်။

နိုဝင်ဘာလ ၁၁ ရက်တွင် ပြုလုပ်မည့် APEC စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး မတိုင်မီ Lam သည် နိုဝင်ဘာလ ၉ ရက်တွင် ပြုလုပ်မည့် APEC CEO ထိပ်သီးအစည်းအဝေး၊ နိုဝင်ဘာလ ၁၀ ရက်တွင် ပြုလုပ်မည့် အခြား အစည်းအဝေး တစ်ခုနှင့် အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်များ စားပွဲဝိုင်း ဆွေးနွေးပွဲ၊ APEC စီးပွားရေး အကြံပေးကောင်စီ ဆွေးနွေးပွဲ၊ အာဆီယံ ခေါင်းဆောင်များနှင့် အလွတ်သဘော ဆွေးနွေးခြင်းနှင့် APEC အစည်းအဝေး တက်ရောက်လာသူများအတွက် အိမ်ရှင်နိုင်ငံမှ တည်ခင်းဧည့်ခံမည့် ညစာစားပွဲ စသည်တို့အား တက်ရောက်မည် ဖြစ်သည်။ဗီယက်နမ်နိုင်ငံတွင် ရှိနေစဉ်အတွင် Lam သည် အခြား စီးပွားရေး ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသွားမည်ဟု သိရသည်။ (Xinhua)