Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံ အနေဖြင့် ဘာသာရေး ကို အသုံးချ၍ တရုတ် နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် တရုတ် နိုင်ငံ ပြောကြား 

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

 

ပေကျင်း ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မတီ ၏ လတ်တလောရက်ပိုင်း အတွင်း ထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာ တွင် တရုတ် နိုင်ငံအပေါ် ပြစ်တင်ဝေဖန်ခဲ့ခြင်းအား တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် က အမေရိကန် နိုင်ငံ ၏ အဆိုပါ ကော်မတီ သည် ကာလတစ်လျှောက် တရုတ် နိုင်ငံ အပေါ် နိုင်ငံရေး အရ အပြည့်အဝ အမြင်စောင်းမှု တည်ရှိနေပြီး တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ လက်တွေ့ ဖြစ်ရပ်မှန်ပေါ် လေးစား၍ နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်သည့် မှားယွင်းသည့် ဆောင်ရွက်မှု ကို ရပ်တန့်ကာ ဘာသာရေး ကို အသုံးချ၍ တရုတ် နိုင်ငံ ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုအား ရပ်တန့်စေလိုကြောင်း ပြောကြား ခဲ့သည်။

ကိန်းစွမ် က သတင်းစာရှင်းလင်းပွဲ တွင် တရုတ် နိုင်ငံ သည် တရားဥပဒေ စိုးမိုးသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ဥပဒေ အရ ပြည်သူလူထု ၏ ဘာသာရေး လွတ်လပ်မှု ကို ကာကွယ်စောင့်ရှောက်ပေးခဲကြောင်း ၊ တရုတ် နိုင်ငံ တိုင်းရင်းသား ပြည်သူလူထု အားလုံး က ဥပဒေ အရ ဘာသာရေး လွတ်လပ်ခွင့် အပြည့်အဝ ရရှိကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ ၌ ဘာသာ အသီးသီး ကိုးကွယ်သူပေါင်း သန်း ၂၀၀ ရှိပြီး ဘာသာရေး ဆောင်ရွက်သူပေါင်း ၃၈၀,၀၀၀ ကျော်ရှိကာ ဘာသာရေး အဖွဲ့အစည်းပေါင်း ၅,၅၀၀ ခန့် ရှိကြောင်း ၊ အမေရိကန် နိုင်ငံအနေဖြင့် မည်သို့ ပင် တရုတ် နိုင်ငံ အား နာမည်ဖျက်နေသည်ဖြစ်စေ တရုတ် နိုင်ငံ ၏ လက်တွေ့ အမှန်တရား ကို ပြောင်းလဲ နိုင်မည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့်လည်း အခြား နိုင်ငံများ နည်းတူ ဘာသာရေး ကို အသုံးချ၍ တရားမဝင် လုပ်ဆောင်မှုများကို ခွင့်ပြုပေးမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကိန်းစွမ် က အမေရိကန် နိုင်ငံ ၏ အဆိုပါ ကော်မတီ သည် ကာလတစ်လျှောက် တရုတ် နိုင်ငံ အပေါ် အမြင်စောင်းနေပြီး နှစ်များစွာ အစီရင်ခံစာ ထုတ်ပြန်၍ တရုတ် နိုင်ငံ ကို နာမည်ဖျက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း ၊ ယင်းကော်မတီ ၏ အတွေးအမြင်များ က လွန်စွာ အဓိပ္ပာယ်မဲ့ သဖြင့် အကြောင်းပြန်ရန်ပင် မလိုအပ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.