Connect with us

Politics, Law & Military

၂၀၂၀ ဘိုးအောက်ဖိုရမ် (Boao Forum for Asia) နှစ်စဉ် အစည်းအဝေး ဖျက်သိမ်းရန် ဆုံးဖြတ်ကြောင်း ထုတ်ပြန်ကြေညာ

၂၀၁၉ ခုနှစ် ဇွန်လ ၁၁ ရက် ၌ ကျင်းပ ပြုလုပ်သည့် ဘိုးအောက်ဖိုရမ် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အစည်းအဝေး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံအသိုင်းအဝိုင်း ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အား ထောက်ခံပူးပေါင်းဆောင်ရွက်ရန် နှင့် အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်များ၏ ကျန်းမာရေး အာမခံချက် ရရှိရန် အတွက် ဘိုးအောက်ဖိုရမ် ကောင်စီ အနေဖြင့် အလေးအနက်ထား လေ့လာစူးစစ်ခဲ့ပြီးနောက် ၂၀၂၀ ဘိုးအောက်ဖိုရမ် နှစ်စဉ် အစည်းအဝေးအား မကျင်းပတော့ရန် ဆုံးဖြတ်လိုက်ကြောင်း ဘိုးအောက်ဖိုရမ် (Boao Forum for Asia) သတင်းဝက်ဘ်ဆိုက် က ဧပြီ ၃၀ ရက် တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မိမိ တို့အနေဖြင့် အွန်လိုင်း ဆွေးနွေးပွဲ အကြိမ်ကြိမ် ကျင်းပ ပြုလုပ်ခဲ့ခြင်းအပေါ် အခြေခံ၍ ကမ္ဘာ့ နိုင်ငံ အသီးသီးမှ နိုင်ငံရေး နှင့် စီးပွားရေး ကဏ္ဍအသီးသီးရှိ ပုဂ္ဂိုလ်များ နှင့် COVID-19 ရောဂါ ကြောင့် ဖြစ်ပွားသည့် သက်ရောက်မှု များနှင့်ပတ်သက်၍ ဆွေးနွေးမှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ဖိုရမ် ၏ မူဘောင်အောက်တွင် အစည်းအဝေး သုံးခု ၏ ပြင်ဆင်မှု လုပ်ငန်းများကိုလည်း တည်ငြိမ်စွာ ရှေ့ဆက် ဆောင်ရွက်နေကြောင်း ထည့်သွင်းဖော်ပြထားသည်။ 

ထို့ပြင် ထုတ်ပြန်ချက်တွင် ဖိုရမ် အနေဖြင့် ယခုနှစ် နိုဝင်ဘာလ တွင် မကာအို ၌ နိုင်ငံတကာ သိပ္ပံနည်းပညာ နှင့် တီထွင်ဆန်းသစ်မှု ပထမ အကြိမ် အစည်းအဝေး အား ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ထို့ပြင် လာမည့် နှစ်ဝက် တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် လုံခြံရေး ပထမ အကြိမ်အစည်းအဝေး နှင့် ဒုတိယ အကြိမ် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ဖိုရမ် ကိုလည်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ လက်ရှိ COVID-19 ရောဂါ ဖြစ်ပွားချိန်တွင် သက်ဆိုင်ရာ အစည်းအဝေးများ ကျင်းပ ပြုလုပ်ခြင်း ၏ အရေးပါမှု ကို ပေါ်လွင်စေခဲ့ကြောင်း ၊ ဖိုရမ် အနေဖြင့် ဆက်လက်၍ မိမိ တို့ ၏ ပလက်ဖောင်းအားသာချက် ကို အသုံးချကာ ကမ္ဘာ့ ကပ်ရောဂါ အတူတကွ တိုက်ဖျက်ရေး နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပါဝင် ဆက်လက်ဖော်ပြထားသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.