Connect with us

Politics, Law & Military

အမေရိကန်နိုင်ငံအနေဖြင့် ကပ်ရောဂါ နှင့် ပတ်သက်ပြီး မိမိပြည်သူ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း ၏ အလေးထားစောင့်ကြည့်မှုကို အချိန်မီ တုံ့ပြန်ပေးရန် တရုတ် နိုင်ငံ ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် က အမေရိကန်အစိုးရအနေဖြင့် COVID-19 ရောဂါ နှင့် ပတ်သက်၍ မိမိ နိုင်ငံ ပြည်သူလူထု နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း ၏ အလေးထားစောင့်ကြည့်မှု ကို အချိန်မီ တုံ့ပြန်ပေးရန် တရုတ် နိုင်ငံက မျှော်လင့်ကြောင်း ၊ လက်တွေ့ကျသော ထိရောက်သည့် ဆောင်ရွက်မှုများ ဖြင့် မိမိ နိုင်ငံ ပြည်သူလူထု ၏ အသက်လုံခြုံရေး နှင့် ကျန်းမာရေး ကို ထိန်းသိမ်းဆောင်ရွက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း နှင့်အတူ ကမ္ဘာ့အများပြည်သူကျန်းမာရေး လုံခြုံရေး အတွက် ထိန်းသိမ်းသွားစေလိုကြောင်း ဧပြီ ၂၇ ရက်တွင် ပြောကြားလိုက် သည်။

ကိန်းစွမ် က လတ်တလောကာလ အတွင်း အမေရိကန် ပြည်တွင်း ၌ သတင်းမီဒီယာ များက အမေရိကန် အစိုးရ အနေဖြင့် ကပ်ရောဂါ နှင့် ပတ်သက်၍ အချိန်မီ ဆောင်ရွက်ခြင်း ရှိမရှိ အပေါ် စိုးရိမ်မှု နှင့် သံဿယ ဖြစ်မှုများ ဖြစ်ပွားခဲ့ကြောင်း ၊ ထို သံသယ ဖြစ်မှုများတွင် အမေရိကန် နိုင်ငံ တွင် မည်သည့် အချိန်၌ ရောဂါ ဖြစ်ပွားမှုစတင်ဖြစ်ပွားခဲ့ကြောင်း ၊ အမေရိကန် အစိုးရ အနေဖြင့် ကပ်ရောဂါ အခြေအနေ နှင့် ပတ်သက်၍ ဖုံးကွယ်မှု ရှိမရှိ နှင့် အဘယ်ကြောင့် အခြားနိုင်ငံ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများအပေါ် အပြစ်ပုံချကြောင်း စသည့် အချက်တို့ ပါဝင်ကြောင်း ၊ ထိုကိစ္စရပ် များနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ အစိုးရအနေဖြင့် အချိန်မီ တုံ့ပြန်မှု ဆောင်ရွက်ပေးသွားရန် တရုတ် နိုင်ငံက မျှော်လင့်ပြီး WHO အနေဖြင့် ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားစေလိုကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

ထို့ပြင် ကိန်းစွမ် က ကူးစက်ရောဂါ သည် လူသားအားလုံး ၏ ဘုံရန်သူ ဖြစ်ပြီး တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ ပြည်သူလူထု အားလုံးလည်း ထိခိုက်ခံစားရသူများ ဖြစ်ကြကြောင်း ၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ညှိနှိုင်းဆောင်ရွက်မှသာ ကပ်ရောဂါ တိုက်ပွဲတွင် အောင်မြင်မှု ရရှိနိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံသည် ပွင့်လင်းမြင်သာပြီး တာဝန်ယူသည့် သဘောထားမျိုးဖြင့် ထိရောက်သော ဆောင်ရွက်မှုများ ပြုလုပ်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)