Connect with us

Politics, Law & Military

အမျိုးသမီးများ အခွင့်အရေး မြှင့်တင်ရန် အချက်လေးချက်ပါသော အဆိုပြုလွှာ တရုတ်သမ္မတ တင်သွင်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကုလသမဂ္ဂ ရုံးချုပ်၌ ပြုလုပ်သော အဆင့်မြင့် ထိပ်သီး အစည်းအဝေးတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာ တစ်ဝှမ်းလုံးရှိ အမျိုးသမီးများ အခွင့်အရေး ပိုမိုတိုးမြှင့် ရရှိစေရန်အတွက် အချက်လေးချက်ပါသော အဆိုပြုချက် တစ်ခုအား ကုလသမဂ္ဂ ရုံးချုပ်၌ ပြုလုပ်သော အဆင့်မြင့် ထိပ်သီး အစည်းအဝေးတွင် တနင်္ဂနွေ နေ့က တင်သွင်းခဲ့သည်။

ကမ္ဘာ့ ခေါင်းဆောင်များသည် ကျား၊ မ တန်းတူ အခွင့်အရေး ရှိရေး နှင့် အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်တက်စေရေးနှင့် သက်ဆိုင်သော အစည်းအဝေး၌ ယင်းအဆိုပြုချက်အား ရှီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်နှင့် ပေကျင်းတွင် ပြုလုပ်ခဲ့သည့် လေးကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ ညီလာခံ၏ နှစ် ၂၀ ပြည့်မြောက်သော အချိန်အခါသမယမှာ ကမ္ဘာ့ ခေါင်းဆောင်များ ဒီနေရာမှာ စုဝေးပြီး ကျား၊ မ တန်းတူ အခွင့်အရေး ရရှိမှုနှင့် အမျိုးသမီးများ ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြုထားသော ကျွနု်ပ်တို့ရဲ့ ကတိကဝတ် များနှင့် ကောင်းမွန်သော အနာဂတ်အတွက် စီမံကိန်းများ ချမှတ်ဖို့ရန် အတွက် ဆွေးနွေးခြင်းသည် လွန်စွာ အဓိပ္ပါယ် လေးနက်ပါသည်” ဟု သမ္မတရှီက ပြောသည်။

သမ္မတရှီက အချက် လေးချက်ပါသော ကျား၊မ တန်းတူ အခွင့်အရေး ရရှိမှုနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးများ ကဏ္ဍဘက်စုံ ဖွံ့ဖြိုးမှု အဆိုပြုလွှာအား တင်သွင်းခဲ့ ခြင်းဖြစ်သည်။

ရှီတင်ပြခဲ့သော အချက်လေးချက်ထဲက ပထမအချက်အနေဖြင့် အမျိုးသမီးများ ကဏ္ဍအား လူမှုရေးနှင့် စီးပွားရေး တိုးတက်မှုများနှင့် အချိုးညီစွာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဖြစ်ပါသည်။

ဒုတိယ အချက်ကတော့ နိုင်ငံများအနေဖြင့် အမျိုးသမီးများ အခွင့်အရေးနှင့် အကျိုး ခံစားခွင့်များအား ကာကွယ် ပေးသင့်ကြောင်း၊ ဒါဟာ နိုင်ငံရေးအရနှင့် လူမှုရေး အရ စံသတ်မှတ်ချက်များ နှင့် ပေါင်းစပ်ကာ ဥပဒေနှင့် စည်းမျဉ်း ဥပဒေများအားဖြင့် ကာကွယ်ပေးရမည့် အခြေခံ လူ့အခွင့်အရေးများ ဖြစ်သည်ဟု ရှီက ဆိုပါသည်။

တတိယ အချက်အနေဖြင့် ရှီက အမျိုးသမီးများ ခွဲခြား ဆက်ဆံခံရမှု သို့မဟုတ် အမျိုးသမီးများ အား ဆန့်ကျင်သော မလိုလားအပ်သော ယုံကြည်မှုများ နဲပါးသည့် လိုက်လျော ညီထွေရှိသော လူမှုအသိုင်း အဝိုင်း တည်ထောင်ပေးရေး အတွက် ပူးပေါင်း ကြိုးပမ်း အားထုတ်ပေးရန် အဆိုပြုထားပါသည်။

အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးမှု အတွက် ပိုမိုကောင်းမွန်သော ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ကောင်း တစ်ခုကို ထိန်းသိမ်း စောင့်ရှောက်ရန် ဟူသော အချက်အား ရှီက စတုတ္ထအချက် အနေဖြင့် တင်ပြခဲ့ပါသည်။

တရုတ် နိုင်ငံသည် အမျိုးသမီး ကဏ္ဍ ဖွံ့ဖြိုးမှုနှင့် အမျိုးသမီးများ အရည်အသွေး မြှင့်တင်ရေးကို အထောက်အကူ ဖြစ်စေရန် အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ အမျိုးသမီး ၃၀,၀၀၀ အတွက် တရုတ်နိုင်ငံတွင် လေ့ကျင့်ရေး သင်တန်းနှင့် ဖွံံ့ဖြိုးဆဲ နိုင်ငံများတွင် ဒေသခံများအတွက် စွမ်းရည်မြှင့် သင်တန်းပေါင်း ၁၀၀,၀၀၀ ထောက်ပံ့ပေးမည် ဖြစ်သည်။ထို့ပြင် တရုတ်နိုင်ငံသည် ပေကျင်း ကြေညာစာတမ်းအား အကောင်အထည် ဖော်ရန် ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့အစည်း အား အမေရိကန ဒေါ်လာ ၁၀ သန်း လှူဒါန်းမည် ဖြစ်ကြောင်း သမ္မတ ရှီက ကြေညာ ထားပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.