Connect with us

Politics, Law & Military

(၆၆) နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပပြုလုပ်

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ (၆၆) နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနား ၌ အမှတ်တရ ဓာတ်ပုံ ရိုက်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

(၆၆) နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနားကို မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ ယနေ့စက်တင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့Sedona ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားသို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင် ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့အပါအဝင် အစိုးရ ၊ လွှတ်တော် ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း ၊ နိုင်ငံရေး ပါတီ နှင့် စစ်ဘက်ဆိုင်ရာ စသည့် ကဏ္ဍ အသီးသီး မှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင် တတ်ရောက်ခဲ့ကြသည်။

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင် (၆၆) နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနား ၌ မိန့်ခွန်းပြော နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် (၆၆) နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနား ၌ မိန့်ခွန်းပြော နေစဉ် (ဆင်ဟွာ)

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်နှင့် ဇနီး ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဇနီးတို့ က (၆၆) နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ကိတ်မုန့် ခွဲ နေစဉ် (ဆင်ဟွာ)

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်နှင့် ဇနီး ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဇနီးတို့ က (၆၆) နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနား ၌ အမှတ်တရ ဓာတ်ပုံ ရိုက်နေစဉ် (ဆင်ဟွာ)

(၆၆) နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်နှင့် ဇနီး ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဇနီး နှင့် အခမ်းအနား တက်ရောက်လာသူများ (၆၆) နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနား ၌ အမှတ်တရ ဓာတ်ပုံ ရိုက်နေစဉ် (ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၆ နှစ်ပြည့် မြောက်ခြင်းနှင့် ပတ်သက်၍ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်ကလည်း ကြိုဆို ဂုဏ်ပြုစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ထို့နောက် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်နှင့် ဇနီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး နှင့်ဇနီးတို့က (၆၆)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ကိတ်မုန့် ခွဲ ပေးကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

(၆၆)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနားကို စက်တင်ဘာ ၂၄ ရက်ကလည်း နေပြည်တော်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ထူထောင်ခဲ့ပြီး ယင်းနေ့ကို တရုတ်အမျိုးသားနေ့ဟု သတ်မှတ်ကြေငြာခဲ့သည်။ (Xinhua)