Connect with us

Politics, Law & Military

ပူးပေါင်း ဆောင်ရွက်မှုများ၊ နှစ်ဦးနှစ်ဘက် အကျိုးရှိမှုနှင့် နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ်ဖြင့် တည်ဆောက်ကြရန် သမ္မတရှီမှ တိုက်တွန်း


ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံများအားလုံး ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဘက် အကျိုးရှိသော ပုံစံများဖြင့် နိုင်ငံများ အားလုံး ဆက်ဆံသွားရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ကုလသမဂ္ဂ ညီလာခံ အစည်းအဝေး (UN General Debate) မှာ တိုက်တွန်း ပြောကြား လိုက်ပါသည်။

ကုလသမဂ္ဂ ပဋိဉာဉ် စာချုပ်ပါ ရည်ရွယ်ချက်နှင့် မူများအား ဆက်လက် ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း ရှီက ပြောကြားခဲ့သည်။

တွေ့ဆုံ ဆွေးနွေးခြင်း နည်းလမ်းအားဖြင့် နိုင်ငံတကာ ရေးရာများအား ဖြေရှင်းရန်နှင့် အလုံးစုံ လုံခြုံရေး အတွက် ရေရှည် တည်မြဲသော လုံခြုံရေး အမြင်များဖြင့် နိုင်ငံများအားလုံး ဆောင်ရွက်သွားရန် သမ္မတရှီက မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပသော ကုလသမဂ္ဂ ညီလာခံ အစည်းအဝေးတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပသော ကုလသမဂ္ဂ ညီလာခံ အစည်းအဝေး တက်ရောက်လာသူများ (ဆင်ဟွာ)

ထို့ပြင် တရုတ်နိုင်ငံ မှ ၁၀ နှစ် ကာလ အတွင်း အမေရိကန် ဒေါ်လာ ၁ ဘီလီယံ အား တရုတ်-ကုလသမဂ္ဂ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေး ရန်ပုံငွေ အဖြစ် ထောက်ပံ့ ပေးသွားမည် ဟု ဆိုသည်။ ဒါ့အပြင် အာဖရိက နိုင်ငံ များအား လာမည့် ငါးနှစ်တာ ကာလ အတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်း စဉ်များ အတွက် စစ်ရေး အထောက်အပံ့ အဖြစ် အမေရိကန် ဒေါ်လာ ၁၀၀ မီလီယံ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ ကမ္ဘာ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့အတွက် အရန်တပ်ဖွဲ့ အင်အား ၈,၀၀၀ ကို ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း သမ္မတ ရှီက ကြေညာ ခဲ့သည်။

ကုလသမဂ္ဂ ရုံးချုပ်၌ ပြုလုပ်သောာ ကုလသမဂ္ဂ ညီလာခံ အစည်းအဝေး ( UN General Debate ) သို့ နိုင်ငံ ပေါင်း ၁၅၀ မှ ခေါင်းဆောင်များ တက်ရောက်ကြပြီး ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှု ၊ ရာသီဥတု ပြောင်းလဲခြင်း ၊ ဒုက္ခသည် အရေး စသည့် အရေးကိစ္စ များအား အဓိက ထားဆွေးနွေး ခဲ့ကြသည်။

သမ္မတ ရှီသည် အမေရိကန် နိုင်ငံ နယူးယောက်မြို့သို့ စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ရောက်ရှိနေပြီး ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားနှင့် ဆက်စပ်သော အစည်းအဝေးများ ဖြစ်သည့် ကုလသမဂ္ဂ ရေရှည် တည်တံ့ ဖွံ့ဖြိုးရေး ညီလာခံ ၊ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးနှင့်ဆိုင်သော စားပွဲဝိုင်း ဆွေးနွေးပွဲများ၊ ကျား/မ တန်းတူ ညီမျှရှိရေးနှင့် အမျိုးသမီးများ အခွင့်အရေး ဆိုင်ရာ အစည်းအဝေးများ၊ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေး စသည်တို့၌ အရေးပါသော မိန့်ခွန်းများ ပြောကြားခဲ့သည်။

သမ္မတရှီသည် စက်တင်ဘာ ၂၂ရက်မှ ၂၅ ရက်နေ့အထိ အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ ဖိတ်ကြားချက်ဖြင့် အမေရိကန် နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိခဲ့သည်။ သမ္မတ ရှီသည် အမေရိကန် သမ္မတ အိုဘားမား နှင့် သီးသန့်တွေ့ဆုံ ခဲ့သလို အမေရိကန် လွှတ်တော် အမတ်များ၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ သမ္မတများ ဦးဆောင် ပါဝင်သော အစည်းအဝေးများကိုလည်း တက်ရောက် ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.