Connect with us

Politics, Law & Military

အာဂျင်တီးနားနိုင်ငံသားများအကြား တရုတ်နိုင်ငံနှင့် ဆက်ဆံရေးနီးကပ်စေဖို့ မျှော်လင့်ချက်များ မြင့်တက်နေ

အာဂျင်တီးနားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်နှင့် G20 ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်းလိယွမ်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အာဂျင်တီးနားနိုင်ငံခရီးစဉ်သည် အာဂျင်တီးနားပြည်သူများအကြား နက်ရှိုင်းသော ချစ်ကြည်ရေးအတွက် မျှော်လင့်ချက်များ မြင့်မားစေခဲ့သလို နှစ်နိုင်ငံအကြား နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ခြင်းကို ဖြစ်ပေါ်စေခဲ့သည်။

နိုဝင်ဘာလ ၂၈ ရက်က အာဂျင်တီးနား နေ့စဉ် သတင်းစာ Clarin တွင် “တရုတ်-အာဂျင်တီးနား ဆက်ဆံရေးခေတ်သစ်တစ်ခု ဖွင့်လှစ်ခြင်း” ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆောင်းပါးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နှစ်နိုင်ငံချစ်ကြည်ရေးက ရေမြေဝေးကွာမှုကိုကျော်လွန်၍ နီးကပ်အောင် ဆွဲဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့၏ ဆက်ဆံရေးဟာ နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှု စမ်းသပ်မှုကို ခိုင်ခိုင်မာမာရပ်တည်ခဲ့ပြီး ဖွံ့ဖြိုးစနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံနှစ်ခုအကြား ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် စည်းလုံးညီညွတ်သော ပူးပေါင်းဆောင်ရွက်မှု ဥပမာတစ်ခုချမှတ်ခဲ့ပါတယ်” ဟု သမ္မတ ရှီက ဆောင်းပါး၌ ရေးသားထားသည်။

အဆိုပါ ဆောင်းပါးက တရုတ်နိုင်ငံ International Business and Economics တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကျွမ်းကျင်သူ Gonzalo Tordini အပါအဝင် အာဂျင်တီးနားပြည်သူများစွာနှင့် တစ်သဘောတည်းရှိခဲ့သည်။နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုက တရုတ်-အာဂျင်တီးနား ဆက်ဆံရေး၏ အကြီးမားဆုံး အောင်မြင့်မှုဖြစ်ကြောင်း၊ နှစ်နိုင်ငံလုံးအား လမ်းကြောင်းမှတ်တွင် လုပ်ဆောင်ရန်နှင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပိုမိုသိရှိခြင်းက ပို၍ နားလည်မှုရရှိနိုင်စေကြောင်း Tordini က ဆိုသည်။သတင်းအပြည့်အစုံဖတ်ရှုရန် Link- http://www.xinhuanet.com/english/2018-11/30/c_137640425.htm

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.