Connect with us

Politics, Law & Military

ဂျီ-၂၀ နိုင်ငံကြီးများပိုမိုကောင်းမွန်သော ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက်သဘောတူညီချက် ရယူရန်လို

ပေကျင်း၊ဒီဇင်ဘာ ၁(ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ၊ဗျူနိုအေးရိစ်မြို့တွင် ကျင်းပလျက်ရှိသော ဂျီ-၂၀ ကမ္ဘာ့နိုင်ငံကြီးများ၏ထိပ်သီးများ အစည်းအဝေး၌ ဂျီ-၂၀ ကမ္ဘာ့စီးပွားရေးအဓိကနိုင်ငံကြီးများ၏ ခေါင်းဆောင်များသည်လည်း၎င်းတို့အ ကြား သဘောတူညီမှုနှင့်ယုံကြည်မှုတို့ကိုတည်ဆောက်ရန်လိုသည်ဟု ကမ္ဘာ့နိုင်ငံများ၏မြင့်မားသော မျှော်လင့်ချက်များနှင့်အတူ စုဝေးရောက်ရှိနေကြသည်ဟုဆိုရပေမည်။

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကိုလွန်ခဲ့သည့်ဆယ်နှစ် ကမ္ဘာကြီးအားရင်ဆိုင်နေရသည့်ငွေကြေးဆိုင်ရာ အကျပ်အတည်းအခြေအနေမှလွတ်မြောက်စေရေးပူးပေါင်းဆောင်ရွက်ကြရန်အဆိုဖြင့်စတင်ခဲ့ခြင်းဖြစ် သည်။ ဆယ်စုနှစ်တစ်ခုအကြာတွင်မူဂျီ-၂၀ ထိပ်သီးအစည်းအဝေး က နိုင်ငံတကာစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၏ ဗဟိုအဆင့်သိုရောက်ရှိလာရသည်ဟုလည်းဆိုရပေမည်။

ဗျူနိုအေးရိစ်မြို့၊ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို “မျှတ၍အဓွန့်ရှည်ကြာသောဖွံ့ဖြိုးတိုးတက်မှုအတွက် သဘောတူညီမှု ရယူကြ“ ဟူသော ခေါင်းစဉ်ဖြင့်ကျင်းပသွားမည်လည်းဖြစ်သည်။ထို့ကြောင့်လည်းထိပ် သီးအစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ဒီဂျစ်တယ်စီးပွားရေး၊ကြာရှည် တည်တံ့မည့်ဖွံ့ဖြိုးတိုးတက်မှု၊အခြေခံအဆောက်အအုံနှင့် ရာသီဥတုပြောင်းလဲမှုစသည့်အကြောင်းအ ရာများကိုအဓိကထားဆွေးနွေးကြမည်ဟုလည်းယူဆရသည်။ သို့သော်သံသယဖြစ်စရာမရှိသည်မှာအ ဆိုပါထိပ်သီးအစည်းအဝေး၌ မျှတ၍အဓွန့်ရှည်ကြာသောဖွံ့ဖြိုးတိုးတက်မှုကိုထိန်းသိမ်းရယူနိုင်ရန်ဆွေး နွေး ကြမည်ဟူသောအချက်ပင်ဖြစ်သည်။

မျှတသောဖွံ့ဖြိုးတိုးတက်မှုရှိမှသာလျှင် လူမှုပြဿနာများဖြစ်သော ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ဖြစ် မှု၊ဝင်ငွေမညီမျှမှုကြီးမားခြင်း စသည်တို့ကိုဖြေရှင်းနိုင်ပေမည်။အဓွန့်ရှည်ကြာစွာ ဖွံ့ဖြိုးတိုးတက်မှုရှိပါမှ လည်း ကမ္ဘာလုံးလွှမ်းခြုံသည့်စီးပွားရေးစနစ်လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်မည်ဖြစ်ကာ လွတ် လပ်စွာကုန်သွယ်မှုအပါအဝင် အဓိကတွန်းအားမျာကိုအရယူပေးနိုင်မည်ဖြစ်သည်။

နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့၏ဦးဆောင်ညွှန်ကြားရေးမှူး မစ္စက်ခရစ္စတင်းလာဂါဒီ ကလည်း ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများအားကမ္ဘာ့ကုန်သွယ်ရေးစနစ်ပိုမိုကောင်းမွန်စေရန်အများအတွက်အကျိုးရှိစေမည့်ဖြေ ရှင်းမှုများကို ဆောငိရွက်ကြရန်တိုက်တွန်းပြောကြားခဲ့သည်။ ၂၀၁၂ မက္ကဆီကို ဂျီ-၂၀ အစည်းအဝေး ဆိုင်ရာကိစ္စများကိုစီစဉ်ဆောင်ရွက်ခဲ့သူ မီဂွယ်မက်စ်မာချာ ကလည်း ယခုဂျီ-၂၀ အစည်းအဝေးတွင်အ ဖွဲ့ဝင်နိုင်ငံအများစုမှာ အများအကျိုးရှိစေမည့်မူဝါဒကိုထောက်ခံကြကာနိုင်ငံတကာအဖွဲ့အစည်းများကို လိုလားကြကြောင်း၊လွန်ခဲ့သောနှစ်များအတွင်း ဂျီ-၂၀ ယန္တရားကဖွံ့ဖြိုးဆဲနိုင်ငံများနှင့်ဖွံ့ဖြိုးပြီးနိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်မှု ပေါင်းကူးတံတားကို တည်ဆောက်နိုင်ခဲ့ကာ စိတ်ဝမ်းကွဲမှုများ ထက် သဘောတူညီမှုများကိုရနိုင်ခဲ့ကြောင်းပြောခဲ့သည်။

တရုတ်နိုင်ငံလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Zhang Jun ကလည်း တရုတ်နိုင်ငံအနေနှင့်ဂျီ-၂၀ အ စည်းအဝေးအိမ်ရှင် အာဂျင်တီးနားအား အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက်အကူအညီ ပေးသွားမည်ဖြစ်ကြောင်း၊ ဂျီ-၂၀ အစည်းအဝေးမှရလဒ်ကောင်းများရရှိရန်လည်း မျှော်လင့်ကြောင်း၊ဂျီ-၂၀နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုစွမ်းအားသစ်ကိုရယူနိုင်မည်ဟု အကောင်းဘက်မှရှုမြင်ပါကြောင်း ပြောကြားခဲ့သည်။ဂျီ-၂၀ ထိပ်သီးအစည်းအဝေးနှင့်အတူထွက်ပေါ်လာသောအဆိုပါအသံများက ကမ္ဘာ့စီးပွားရေးနှင့်ဖွံ့ဖြိုး တိုးတက်မှုကိုဦးဆောင်နေသော ဂျီ-၂၀ နိုင်ငံများအကြားသဘောတူညီမှုရယူကာ ပူးပေါင်းဆောင်ရွက နိုင် ကြရေးကမ္ဘာ့နိုင်ငံများ၏မျှော်လင့်ချက်အသံများဟုသာဆိုရပေမည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.