Politics, Law & Military
အိန္ဒိယဝန်ကြီးချုပ် တရုတ်-အိန္ဒိယ နယ်စပ်ရှိ အငြင်းပွားဒေသသို့ သွားရောက်ခဲ့မှုကို တရုတ်ပြည်ကန့်ကွက်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)
အိန္ဒိယဝန်ကြီးချုပ် တရုတ်-အိန္ဒိယ နယ်စပ်ရှိ အငြင်းပွားဒေသသို့ သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဟွာချွန်းရင် (Hua chunying)အား သတင်းထောက်မှ မေးမြန်းမှုကို ဟွာချွန်းရင်မှ ပြန်လည်ဖြေကြားရာတွင် အိန္ဒိယ ဝန်ကြီးချုပ်အနေဖြင့် အငြင်းပွားဒေသ သို့သွားရောက်ခြင်းအပေါ် တရုတ်နိုင်ငံမှ ကန့်ကွက်ကြောင်းနှင့် အိန္ဒိယ အစိုးရထံသို့ တရားဝင် အကြောင်းကြား ထားကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်-အိန္ဒိယ နယ်နိမိတ် ပြဿနာ အပေါ်တွင် ယခင်ကဲ့သို့ပင် ရှင်းလင်းပြတ်သားကြောင်း၊ တရုတ်-အိန္ဒိယ နယ်နိမိတ် အရှေ့ပိုင်း ဒေသသည် အငြင်းပွားမှုများရှိသည်မှာ အများသိရှိထားပြီးဖြစ်သော ပြဿနာတစ်ခုဖြစ်ပြီး တရုတ်အစိုးရအနေဖြင့် “Arunachal Pradesh” ကို အသိအမှတ်မပြုကြောင်း၊ အိန္ဒိယ သက်ဆိုင်ရာမှ လုပ်ဆောင်မှုှုသည် နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းအပေါ် အထောက်အကူ မပြုသည့်အပြင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုအတွက်လည်း မကိုက်ညီကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရားဝင်ဆွေးနွေးပြီး ညှိနှိုင်းဆောင်ရွက်ရန် တောင်းဆိုထားကြောင်း၊ ဆွေးနွေးခြင်းဖြင့် နှစ်နိုင်ငံနယ်နိမိတ် ပြဿနာ အပေါ်တရားမျှတစွာ ဖြေရှင်းလိုကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာ ဖြေရှင်းမှု မပြီးဆုံးမီ ကာလအတွင်း ပိုမိုရှုပ်ထွေးစေ သော အပြုအမှုများကို မလိုလားကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ရေးအတွက် ထိမ်းသိမ်းရန် လိုအပ်ကြောင်း ပြောကြားသွားပါသည်။ (Xinhua)