Connect with us

Politics, Law & Military

အာဖရိက နိုင်ငံများ တန်းတူတိုးတက်ရေး ပူးပေါင်းမှုလမ်းစဉ်ကို တရုတ်နိုင်ငံ ကောင်စီဝင် ယန်ကျဲ့ချီ ထောက်ခံ

တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျဲ့ချီ (Yang JieChi ) နှင့် ဇင်ဘာဘွေ နိုင်ငံတော် သမ္မတ ရောဘတ် မူကာဘီ (Robert Mugabe) တွေဆုံစဉ် (ဆင်ဟွာ)

ဟယ်ရာရီ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော် ကောင်စီဝင် ရန်ကျဲ့ချီ (Yang Jiechi ) သည် ဖေဖော်ဝါရီလ ၉ ရက် နေ့တွင် ဇင်ဘာဘွေ (Zimbabwe) နိုင်ငံသမ္မတ ရောဘတ်မူကာဘီ (Robert Mugabe) နှင့် ဟယ်ရာရီ မြို့တွင် တွေဆုံ ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများ တန်းတူတိုးတက်ရေး ပူးပေါင်းမှုလမ်းစဉ် ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီလ၌ ပြုလုပ်ခဲ့သော အာဖရိကနိုင်ငံများ အလှည့်ကျဥက္ကဌ ရွေးကောက်ပွဲတွင် ရွေးချယ် ခံရသော ဇင်ဘာဘွေနိုင်ငံသမ္မတအား တရုတ်နိုင်ငံကိုယ်စား ဝမ်းမြောက်ကြောင်း တရုတ်နိုင်ငံကောင်စီဝင် ယန်ကျဲ့ချီ က ပြောကြားလိုက်သည်။

ဇင်ဘာဘွေနိုင်ငံ သမ္မတမူကာဘီး၏ ဦးဆောင်မှုဖြင့် အာဖရိကနိုင်ငံများ တန်းတူတိုးတက်ရေး ပူးပေါင်းမှု လမ်းစဉ်သည် ကြီးမားသော အောင်မြင်မှု ရရှိနိုင်မည် ကိုယုံကြည်ပါသည် ဟု ယန်က ပြောကြား ခဲ့သည်။

ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကျင်းပခဲ့သော (၂၄) ကြိမ်မြောက် အာဖရိကနိုင်ငံများ ထိပ်သီးအစည်း အဝေး ၌ “ ၂၀၆၃ ခုနှစ်မျော်မှန်းချက်” စီမံကိန်းအား သဘောတူ လက်ခံကြောင်း သိရှိရပါသည်။ ယင်းသည် နောင်နှစ် (၅၀) တွင် အာဖရိနိုင်ငံ၏အနာဂတ် တိုးတက်ရေးအတွက် လုပ်ဆောင်မှုတစ်ရပ်ဖြစ်သည်ဟု ၎င်းကဆိုသည်။

အာဖရိကနိုင်ငံများ အဖွဲအစည်းသည် အာဖရိကနိုင်ငံများအား နိုင်ငံတကာ၌ အရေးပါသော အင်အားစုအဖြစ် မြှင့်တင်နိုင်မည်ဖြစ်ပြီး ဖ့ွံဖြိုးဆဲ နိုင်ငံများတိုးတက်ရေး နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်မည်ကို တရုတ်နိုင်ငံ အနေဖြင့် ယုံကြည်ကြောင်း တရုတ်နိုင်ငံကောင်စီဝင် ယန်ကျဲ့ချီ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ (Xinhua)