Connect with us

Politics, Law & Military

လာဘ်ပေးလာဘ်ယူ နာမည်ပျက် စာရင်းသွင်းမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် တရုတ်နိုင်ငံ သန္နိဋ္ဌာန်ချ

တရုတ်နိုင်ငံ ပြည်သူ့လွှတ်တော် ရုံးထိုင်ရာ ပေကျင်း ပြည်သူ့ခန်းမကြီးပုံ (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အမြင့်ဆုံး ရှေ့နေချုပ်ရုံး ( SPP =The Supreme Peoples’ Procuratorate ) သည် အကျင့်ပျက် ခြစားမှုများကို ပိုမို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် လာဘ်ပေးလာဘ်ယူမှုဖြင့် စီရင်ချက် ချခံရသူများ၏ အချက်အလက် များကို အင်တာနက်တွင် ပိုမိုဖော်ပြသွားမည် ဟု သန္နိဋ္ဌာန်ချ ခဲ့သည်။

SPP ၏ အလုပ်အကိုင် နှင့် ဆက်စပ်သည့် မှုခင်းဌာန မှ ညွှန်ကြားရေးမှုး Song Hansong က ယခုနှစ်တွင် ဗဟိုအဆင့် အမည်ပျက်စာရင်း သွင်းသည့် နည်းစနစ်ကို မြှင့်တင်သွားမည် ဖြစ်ပြီး စုစည်း ဖော်ပြမှုများ ပြုလုပ်သွားမည် ဟုဆိုသည်။ အလုပ်အကိုင်နှင့် ဆက်စပ်နေသည့် မှုခင်းမှတ်တမ်း များ SPP အနေဖြင့် လာဘ်ပေးလာဘ်ယူမှုများ ဖော်ထုတ်ရန် အချက်အလက် ပံ့ပိုးပေးမှုများ၊ အွန်လိုင်းတွင် အများပြည်သူများ အနေဖြင့် အလွယ်တကူ တိုင်ကြားနိုင်ရန် စသည်များ တိုးမြှင့်လုပ်ဆောင်ရန် စီစဉ် နေကြောင်း Song က ပြောသည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ မှစတင်ပြီး ပြစ်ဒဏ်ချမှတ်ခံရသည့် လာဘ်ပေးလာဘ်ယူ သူများ၏ အမည်များကို အများပြည်သူများသိရှိရန် လုပ်ဆောင်ခဲ့သည်။

ထိုသို့ နာမည်ပျက်စာရင်းတွင် ပါဝင်သူများသည် အစိုးရ၏ စီမံကိန်းများ လေလံဆွဲခွင့် ပိတ်ခံရခြင်းများ နှင့် ကုမ္ပဏီများ ပါဝင်ပါက ၎င်းကုမ္ပဏီများသည် မလည်ပတ်နိုင်သည် အထိ ဖြစ်နိုင်ကြောင်းသိရသည်။

SPP ၏ စာရင်း ဇယားများအရ ယခင်နှစ် နိုဝင်ဘာလတွင် တိုင်ကြားမှုပေါင်း ၄.၃၄ မီလီယံ ကို လက်ခံခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ လုပ်ငန်းပေါင်း (၂,၀၀၀) ကျော်နှင့် လူပုဂ္ဂိုလ် (၂,၄၀၀) ကို အမည်ပျက်စာရင်း သွင်းကာ ပြစ်ဒဏ်ပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.